အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး လူသိများတဲ့ ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ မီးလောင်ကျွမ်းခံနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။

ဟောလီဝုဒ်အပါအဝင် လက်ရှိ လော့စ်အိန်ဂျယ်လိစ်ဧရိယာအတွင်းက မီးလောင်ကျွမ်းမှုကို နိုင်ငံတကာမီဒီယာများက Live လွှင့်ပြသနေပြီး၊ ပဲရစ်ဟီလ်တန်အပါအဝင် ဟောလိဝုဒ် နာမည်ကျော်တွေရဲ့ နေအိမ်တွေ အဆိုပါ မီးလောင်ကျွမ်းမှုအတွင်း ပါဝင်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်

လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ (၅)ယောက်ရှိနေ ကာ အဆောက်အဦ(၁၀၀၀) လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ လော့စ်အိန်ဂျယ်လိစ် မီးသတ်ဌာန ကထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ Mario Tama/Getty Images)
The Palisades Fire burns a structure in the Pacific Palisades neighborhood of Los Angeles, Wednesday, Jan. 8, 2025. (AP Photo/Etienne Laurent)

လက်ရှိအချိန်အထိ တောမီးလောင်ကျွမ်းမှုကတဆင့် လူနေအိမ်တွေအထိ ကူးစက်နေပြီး ကမ္ဘာကျော် အနုပညာရှင်တွေ၊ သန်းကြွယ်သူဌေးတွေရဲ့ နေအိမ်တွေလည်း မီးလောင်ကျွမ်းမှုတွေမှာ ပါဝင်သွားတယ်လို့ သိရပါတယ်

လော့စ်အိန်ဂျယ်လိစ်တစ်ခွင် တောမီးလောင်မှုအတွင်း အီတန်ဒေသက လူပေါင်း (၁၀၀,၀၀၀)ကျော်ဟာ ဘေး လွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

 မီးအကကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ ပယ်လီဆေ့ဒ်ဒေသက လူပေါင်း (၃၇,၀၀၀) လောက်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းထားပေးရပြီးဟာ ဒါဟာ လောစ်အိန်ဂျယ်လိစ်သမိုင်းတစ်လျှောက် စံချိန်တင်ကြီးမားတဲ့ မီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ   ၇ရက်နေ့ညပိုင်းကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ လောင်ကျွမ်းနေတာလည်းဖြစ်ပါတယ်။

Water is dropped on a large brush fire in the early morning hours Friday in Sylmar, Calif. At least 25 structures have been destroyed. (Photo AP)
(Photo by JOSH EDELSON / AFP)

လော့အိန်ဂျလိစ် တောမီးကြောင့် ဟောလိဝုဒ် မင်းသမီးကြီး ဂျာမီလီကာတစ်၊ မန်ဒီမိုး၊ အာနိုးရဲ့ ဇနီးဟောင်း မာရီရာ ရှာရီဗာတို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ပစိဖစ်ပါလီဆာဒတ်စ်မှာ ဧက ၁၂,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ပစိဖိတ်ပါလီဆက်စ်ဒေသမှာ နေအိမ်တွေမီးလောင်နေပြီး ဒေသခံတွေဟာ သူတို့ရဲ့ ကားတွေကိုပါထားခဲ့ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း ထွက်ပေါ်နေပါတယ်။

မီးသတ်သမားတွေဟာ တောမီးကို မြေပြင်နဲ့ ဝေဟင်ကနေ ငြှိမ်းသတ်နေကြပြီး မီးလောင်မှုနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးတွေအတွက် တာဝန်ရှိသူတွေကို သမ္မတဂျိုးဘိုင်ဒင်က ညွှန်ကြားထားပြီး ကြီးမားတဲ့ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်ကျွမ်းမှုကြောင့် ဟောလိ၀ုဒ်က ပြုလုပ်မယ့် ပွဲစဉ်တွေကို ဖျက်သိမ်းရွှေ့ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာတွေမှာ မြန်မာပြည်က အနုပညာရှင်တစ်ဦးဖြစ်တဲ့ စမိုင်းတိုလို့ အနုပညာရှင်တွေနဲ့ မြန်မာပြည်က ပိုင်ဆိုင်သူအချို့ရဲ့ နေအိမ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photographer: Jill Connelly/Bloomberg
0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲ NUG ကိုယ်စားလှယ်တက်ရောက်

ဂျပန်နိုင်ငံ၊ Nagano States Shinshu မြို့မှာ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် ပစ်မှတ်ထားသည့် ILO ၏ အရေးယူမှု ဘယ်လိုသက်ရောက်မလဲ

ILO က ချမှတ်လိုက်တဲ့ အရေးယူမှုဆုံးဖြတ်ချက်ဟာ အခြေခံ စက်မှုကုန်ထုတ်လုပ်သားတွေအပေါ် ထိခိုက်မှုရှိမှာ မဟုတ်သလို နိုင်ငံကို စီးပွားရေးပိတ်ဆို့စေမှာ မဟုတ်ကြောင်း၊ စစ်အုပ်စုနဲ့အပေါင်းအပါတွေကိုသာ ပစ်မှတ်ထားအရေးယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် က မောင်းကို ပြောပါတယ်။
Read More

မြန်မာစစ်အုပ်စု၏ လက်နက်များ၊ လေယာဉ်ဆီအပါ စစ်ရေး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ငွေကြေး စီးဆင်းမှုများ ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ဖို့ ကုလတွင် ဦးကျော်မိုးထွန်း ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ငွေလိမ်လည်မှုများအတွက် DKBA နှင့် ခေါင်းဆောင် ၄ ဦးကို အမေရိကန် အရေးယူ၊ ကျားဖြန့်နှိမ်နင်းရန် အမေရိကန် အထူးအဖွဲ့ ဖွဲ့စည်းထား

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။