မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် – ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလကစလို့ ဒီဇင်ဘာလကုန် အထိ ၉ လတာ ကာလအတွင်း ACDF နဲ့ ပ.က.ဖ (ငဖဲ) တို့ပူးပေါင်းပြီး ငဖဲမြို့နယ်အတွင်း အရေးပေါ် စစ်ဘေးရှောင်နေရတဲ့ တောင်ပေါ်ဒေသ ကျေးရွာ (၁၃) ရွာက အိမ်ထောင်စု (၃၉၆) စု ၊လူဦးရေ (၂၁၇၈) ယောက်တို့အတွက် ငွေသား ကျပ်သိန်းနှစ်ထောင့်ခြောက်ရာကိုးဆယ့်တစ်သိန်းလေးသောင်းနှစ်ထောင့်နှစ်ရာကျပ်ကို လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ သက်ဆိုင်ရာ တော်လှန်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အရှိူချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ငဖဲမြို့နယ် ပကဖ က စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများ (ဓာတ်ပုံ ACDF)

0 Shares:
You May Also Like
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ထားဝယ်တွင် လုံခြုံရေးအပြည့်ဖြင့် မြို့တော်ခန်းမ ဖွင့်လှစ်၊ သူရောက်နေစဥ် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်မြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ မြို့တော်ခန်းမ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။