ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အများအပြား ရှိတယ်လို့ Lion Battalion စစ်ကြောင်းကမှာ ဒီနေ့ ထုတ်ပြန်ပါတယ်။

အနန်းကွင်း ဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ တစ္ဆေစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Lion Battalion စစ်ကြောင်း၊ KNLA တပ်ရင်း (၂၇) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ အခြားမဟာမိတ်ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာ စခန်းဟာ  တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နဲ့အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေပြီး စခန်းတွင်းရှိ ရိက္ခာတွေ လည်း လျော့နည်းလာသလို ရိက္ခာအတွက် Y 12 လောယာဥ်နဲ့သာ လေကြောင်းကနေ ထောက်ပံ့ပေးရတယ်လို့ အဆိုပါစခန်းကနေ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်လာတဲ့ စစ်သားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင် အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပူးပေါင်းတပ်ရင်းတွေလည်း အနန်းကွင်းဗျူဟာစခန်းဆီ မရောက်နိုင်ဘဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

ဆောတွင် WY စိတ်ကြွမူးယစ်ဆေးပြားများအပါအဝင် ဆက်စပ်ပစ္စည်းအချို့နှင့်အတူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ အိမ်ငှားလာရောက်နေထိုင်တဲ့ အမျိုးသား ၄ ယောက်နဲ့ မြို့ခံ အမျိုးသမီး ၁ ယောက်ကို WY (ခေါ်) ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြား အပါအဝင် ဆက်စပ်ပစ္စည်းတချို့နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။