မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

အသက် ၆၀ အရွယ် တာကီရှိ အီဘာဆာဝါဟာ မြန်မာကနေ တခြားနိုင်ငံတွေဆီကို ယူရေနီယံနဲ့ လက်နက်အဆင့်ရှိ ပလူတိုနီယမ် အပါအဝင် နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မှောင်ခိုသယ်ပို့ခဲ့ကြောင်း နယူးယောက်၊ မန်ဟက်တန်မှာ အပြစ်ဝန်ခံခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်စွဲချက်တွေအတွက် အပြစ်ရှိကြောင်းကိုလည်း အီဘာဆာဝါက ဝန်ခံခဲ့ပါတယ်။

အီရန်မှာအသုံးပြုမယ်လို့ ယူဆရတဲ့ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မြန်မာပြည်ကနေ မှောင်ခိုသယ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက အီဘာဆာဝါကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလမှာ တရားစွဲဆိုခဲ့တာပါ။ နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်ပြစ်မှုတွေအတွက်ကိုတော့ ၂၀၂၂ ကတည်းက တရားစွဲခံခဲ့ရတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်ရှိ ဂိုဒေါင်တစ်ခုတွင် ဒုံးပျံလောင်ချာတစ်လုံးနှင့်အတူ ဂျပန်ရာကူဇာ ခေါင်းဆောင် Takeshi Ebisawa ကို တွေ့ရစဉ် (ဓာတ်ပုံ Reuters)

“အီဘာဆာဝါရဲ့ ဒီနေ့ ဖက်ဒရယ်တရားရုံးမှာ ဝန်ခံချက်အရ သူဟာ မြန်မာပြည်ကနေ လက်နက် အဆင့်ရှိ ပလူတိုနီယမ် အပါအဝင် နျူကလီးယား ကုန်ကြမ်းပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်း မှောင်ခို ရောင်းဝယ်ခဲ့တယ်” လို့ နယူးယောက် တောင်ပိုင်းခရိုင် ရှေ့နေ Edward Kim က ပြောပါတယ်။

“တချိန်တည်းမှာပဲ သူဟာ မြန်မာနိုင်ငံက စစ်မြေပြင်တွေမှာ အသုံးပြုမယ့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေလို အကြီးစား လက်နက်ကြီးတွေနဲ့ လဲလှယ်ဖို့ ဘိန်းဖြူနဲ့ စိတ်ကြွဆေး အမြောက်အမြားကို အမေရိကန်ပို့ဖို့လုပ်ခဲ့ပြီး ဆေးရောင်းပြီးရတယ်လို့ ယူဆရတဲ့ ငွေတွေကို နယူးယောက်ကနေ တိုကျိုအထိ ငွေခဝါချခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

အီဘာဆာဝါရဲ့ အကြံအစည်ကို အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်း အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း – Japanese crime leader pleads guilty in US to trafficking nuclear materials from Myanmar

0 Shares:
You May Also Like
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

ချင်းမိုင်တွင် တစ်လ ဘတ် ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားသည့် နေအိမ်အတွင်းမှ ကျားဖြန့်ဂိုဏ်းကို ထိုင်းရဲ ဝင်ဖမ်း၊ တရုတ် ၂၀ ဦး ဖမ်းမိပြီး ၁၀ ဦး ထွက်ပြေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မယ့်ရင်မှာ ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား အယောက် ၂၀ ကို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိကြောင်း ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းဆန္ဒပြပွဲများကို ရှောင်ရှားကာ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ကြရန် NUG မေတ္တာရပ်ခံ

“မိမိတို့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။