အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး လူသိများတဲ့ ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ မီးလောင်ကျွမ်းခံနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။

ဟောလီဝုဒ်အပါအဝင် လက်ရှိ လော့စ်အိန်ဂျယ်လိစ်ဧရိယာအတွင်းက မီးလောင်ကျွမ်းမှုကို နိုင်ငံတကာမီဒီယာများက Live လွှင့်ပြသနေပြီး၊ ပဲရစ်ဟီလ်တန်အပါအဝင် ဟောလိဝုဒ် နာမည်ကျော်တွေရဲ့ နေအိမ်တွေ အဆိုပါ မီးလောင်ကျွမ်းမှုအတွင်း ပါဝင်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်

လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ (၅)ယောက်ရှိနေ ကာ အဆောက်အဦ(၁၀၀၀) လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ လော့စ်အိန်ဂျယ်လိစ် မီးသတ်ဌာန ကထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ Mario Tama/Getty Images)
The Palisades Fire burns a structure in the Pacific Palisades neighborhood of Los Angeles, Wednesday, Jan. 8, 2025. (AP Photo/Etienne Laurent)

လက်ရှိအချိန်အထိ တောမီးလောင်ကျွမ်းမှုကတဆင့် လူနေအိမ်တွေအထိ ကူးစက်နေပြီး ကမ္ဘာကျော် အနုပညာရှင်တွေ၊ သန်းကြွယ်သူဌေးတွေရဲ့ နေအိမ်တွေလည်း မီးလောင်ကျွမ်းမှုတွေမှာ ပါဝင်သွားတယ်လို့ သိရပါတယ်

လော့စ်အိန်ဂျယ်လိစ်တစ်ခွင် တောမီးလောင်မှုအတွင်း အီတန်ဒေသက လူပေါင်း (၁၀၀,၀၀၀)ကျော်ဟာ ဘေး လွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

 မီးအကကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ ပယ်လီဆေ့ဒ်ဒေသက လူပေါင်း (၃၇,၀၀၀) လောက်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းထားပေးရပြီးဟာ ဒါဟာ လောစ်အိန်ဂျယ်လိစ်သမိုင်းတစ်လျှောက် စံချိန်တင်ကြီးမားတဲ့ မီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ   ၇ရက်နေ့ညပိုင်းကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ လောင်ကျွမ်းနေတာလည်းဖြစ်ပါတယ်။

Water is dropped on a large brush fire in the early morning hours Friday in Sylmar, Calif. At least 25 structures have been destroyed. (Photo AP)
(Photo by JOSH EDELSON / AFP)

လော့အိန်ဂျလိစ် တောမီးကြောင့် ဟောလိဝုဒ် မင်းသမီးကြီး ဂျာမီလီကာတစ်၊ မန်ဒီမိုး၊ အာနိုးရဲ့ ဇနီးဟောင်း မာရီရာ ရှာရီဗာတို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ပစိဖစ်ပါလီဆာဒတ်စ်မှာ ဧက ၁၂,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ပစိဖိတ်ပါလီဆက်စ်ဒေသမှာ နေအိမ်တွေမီးလောင်နေပြီး ဒေသခံတွေဟာ သူတို့ရဲ့ ကားတွေကိုပါထားခဲ့ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း ထွက်ပေါ်နေပါတယ်။

မီးသတ်သမားတွေဟာ တောမီးကို မြေပြင်နဲ့ ဝေဟင်ကနေ ငြှိမ်းသတ်နေကြပြီး မီးလောင်မှုနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးတွေအတွက် တာဝန်ရှိသူတွေကို သမ္မတဂျိုးဘိုင်ဒင်က ညွှန်ကြားထားပြီး ကြီးမားတဲ့ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်ကျွမ်းမှုကြောင့် ဟောလိ၀ုဒ်က ပြုလုပ်မယ့် ပွဲစဉ်တွေကို ဖျက်သိမ်းရွှေ့ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာတွေမှာ မြန်မာပြည်က အနုပညာရှင်တစ်ဦးဖြစ်တဲ့ စမိုင်းတိုလို့ အနုပညာရှင်တွေနဲ့ မြန်မာပြည်က ပိုင်ဆိုင်သူအချို့ရဲ့ နေအိမ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photographer: Jill Connelly/Bloomberg
0 Shares:
You May Also Like
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

အမေရိကန်ရောက် မြန်မာဆယ်လီ ချင်းတိုင်းရင်းသူ လီဗီဆပ်နိုင်ထန်းကို လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ဒဏ်ရိုက်…

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂျပန်အစိုးရသစ် နိုင်ငံခြားရေးမူဝါဒတွင် လူ့အခွင့်အရေးကို ဦးစားပေးရန် အခွင့်အရေးအဖွဲ့များ တိုက်တွန်း

ဂျပန်အစိုးရသစ်အနေနဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးကို ဦးစားပေးသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ် ဆနဲ တာကအိချိ (Sanae Takaichi) အနေနဲ့ အာရှနဲ့ ကမ္ဘာတဝန်းက အလွဲသုံးစားပြုမှုတွေကို ဖြေရှင်းဖို့ ပိုမိုခိုင်မာတဲ့ ဥပဒေရေးရာ၊ သံတမန်ရေးရာနဲ့ အဖွဲ့အစည်းဆိုင်ရာ အစီအမံတွေကို ချမှတ်ဖို့ကိုလည်း HRW က တောင်းဆိုထားပါသေးတယ်။
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။