စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကနေ မိုင်းရှင်းဖို့လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် အမှတ် 15တပ်ရင်း [CRA]နဲ့အတူ မုံရွာခရိုင် အမှတ် 12တပ်ရင်း၊ တပ်ခွဲ ၃၊ Eleven PDF၊ ဒေါင်းဘုရင် MMU PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လေးကေ့ကော်အနီး အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းလက်နက်ကြီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့သော်မြို့သစ်အနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစခန်းကို စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။
Read More

ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တောင်ညိုတပ်ရင်း ရဲဘော် ၂ ဦး၏ နောက်ဆုံးခရီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၉ ယောက်နဲ့ လက်နက်အချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွာအပြင်က စစ်ရှောင်တဲများကို ရွာအတွင်း တပ်စွဲထားသည့် စစ်တပ်က မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားများ လက်ရှိရှောင်တိမ်းနေထိုင်နေရတဲ့ ရွာပြင်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။