စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလ (၅) ရက်က ဝက်လက်မြို့နယ် မှတ်ထိရွာတောင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ စခတ-၈ က ထွက်လာတဲ့ ဗိုလ်ကြီး မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗိုလ်ကြီး နေမျိုးဦး (တပ်ခွဲမှူး) နဲ့ ဒုရဲမှူး ဇင်ကိုကို ထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းအင်အား (၇၀) ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ချေမှုန်းခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၄၇) ယောက် သေဆုံးပြီး (၆) ယောက် အရှင်ဖမ်းဆီးရမိကာ (၁၇) ယောက် ပျောက်ဆုံးနေသလို လက်နက် (၄၆) လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က  ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နှင့် တရုတ် AI အသုံးချရေး နက်ရှိုင်းစွာ လုပ်ဆောင်မည်ဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။
Read More

ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တစ်ရပ် ကျင်းပပေးမယ်လို့ ပြောပြန်

မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာမှာ စစ်ကြောင်းထိုးခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ စစ်အုပ်စုက ဇီးကုန်းတိုက်နယ် ရွာ ၃ရွာကို ထပ်မံမီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။