စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရိုင်ရဲမှူးသား အပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့နဲ့  ၅ ရက်နေ့တွေမှာ ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ စုပေါင်းရုံး၊ ခရိုင်ရဲမှူးအိမ်၊ ခရိုင်ရဲစခန်းနဲ့ ရဲကင်းဘန်ကာတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးသီးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်တွေအပေါ် ဗုံးသီးတွေ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေက ရော့ကတ် ၃ လုံးနဲ့ပါ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ အထိအခိုက်များခဲ့သလို အောက်စီဂျင်ဘူးတွေ အသည်းအသန်ရှုနေရကြောင်းနဲ့ ဝပ်ကျင်းထဲ ပုန်းအောင်းနေကြရတယ်လို့ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်

ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ အထိနာနေတဲ့ စစ်အုပ်စုတွေက မြို့သစ်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်၂ လုံး၊ ဆန်စပါးနဲ့ နွားစာသိုလှောင်ရုံ အဆောက်အဦ ၄ လုံး၊ ထွန်စက် ၁ စီး၊ နွားစာစဥ်းစက် ၁ ခုံ၊ ဆိုင်ကယ် ၁ စီးနဲ့ စက်ဘီး ၂  စီးတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“ဟုတ် ထိခိုက်မှုတွေရှိတယ်။ ခရိုင်မှူးသား ဒဏ်ရာအပြင်းထန်ရထားတယ်။ အောက်စီဂျင်အိုးတွေ  ကားတွေနဲ့ သယ်နေတာတော့ သိရတယ်။ ဒီကောင်တွေ အထိနာသွားလို့ မထွက်တာ တစ်နေ့နီးပါးလောက်ရှိတယ်။ ယင်းမာပင်မြို့အရှေ့ဘက် ကပ်လျက်က မြို့သစ်ကျေးရွာကို ဝင်ပြီးမီးရှို့သွားပါတယ်။ ဒီကောင်တွေ အထိနာတာကတော့ ပထမရက်ကပါ” လို့ ​နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို နယ်စည်းမခြားဇာမဏီပြောက်ကျားခ(ယင်းမာပင်ဒရုန်းတပ်ဖွဲ့)  နဲ့ အတူ၊ ယင်းမာပင်ခရိုင်ဒရုန်းတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁/၁၇/၃၇)၊ ဗျူဟာ (၄၃ / ၄၇ )၊ Salingyi Special Task Force၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၉) တပ်ခွဲ(၁) Golden Star Force၊ တောကျီးကန်း၊ အာဠာဝက၊ တောသားကြီး၊ BED ငညို၊ SBTF၊ Anyar Fighter၊ ပြည်သူအားလုံးရဲ့PK၊ GZ Fighter (Lpdf) နဲ့ Next Generarion Hope စတဲ့ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ပွင့်ဖြူတွင် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် PDF များ နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးထောင်က နိုင်ကျဉ်းတစ်ယောက်ဆီမှာ ဆေးလိပ်အခွံ တွေ့တယ်ဆိုပြီး ထောင်ပိုင်တွေက ရိုက်နှက်နှိပ်စက်

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ထံက ပွတ်ချွန်း (ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ စက္ကူ) တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပိုင်တွေက အဲဒီနိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်က ပခုက္ကူခရိုင်အတွင်းရှိ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။