စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။

သံပြားကာ စစ်ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ TNT ယမ်းနဲ့ ပြုလုပ်ထားတဲ့ နှစ်ဆင့်ကွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ယာဉ် မိုင်းစထိမှန်ပြီး ရပ်တန့်သွားကာ ယာဉ်ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လမ်းဘေးဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ ရဲဘော်တွေဟာ စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်တဲ့ ကျည်ဆန်တွေကြားကနေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Area 71 PDF Monywa ၊ ANYAR DEFENCE FORCE (ADF)နဲ့ Tiger Brother Peoples Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်းနဲ့ပတ်သက်ပြီး ဦးကျော်သက်လင်းဘာပြောခဲ့လဲ (ရုပ်/သံ)

''မုန်တိုင်းဒဏ်ခံရရင်လည်း ဧရာပဲ တခြားစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးတော့ ခံရရင်လည်း ဧရာပဲ အဲ့ဒီတော့ ဧရာက ဘယ်လိုလုပ်လှုပ်နိုင်မှာလဲ။ အဲ့ဒီတော့ သူ့ဒေသမှာ မလှုပ်နိုင်တဲ့အခါမှာ သိပ်ပြင်းထန်တဲ့ ဧရာတိုင်းသားတွေဟာ နေရာစုံကိုပြန့်ကျဲပြီးတော့ နိုင်ငံတွက် တော်လှန်ရေးကို ကချင်မြေမှာလည်းလုပ်ခဲ့တယ်၊ ကရင်မြေမှာလည်း လုပ်ခဲ့တယ်၊ ကရင်နီမှာလည်း သူတို့ပဲ၊ ချင်းပြည်မှာလည်း သူတို့ပဲ တခြား ဒီရခိုင်ဘက်မှာတောင် သူတို့ ရှိတယ်လို့ ကျနော်သိရတယ်။ အဲ့ဒီတော့ သူတို့ ဘာကြောင့် အဲ့ဒီလိုပြန့်ကျဲပြီး ရောက်ရလဲဆို မချရရင် မနေနိုင်လို့ပေါ့ဗျာ''
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ၂ ရက်ဆက်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ စစ်သုံ့ပန်း ၂ ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ တောင်ခမောက်ကျေးရွာသို့ စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။