စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရိုင်ရဲမှူးသား အပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့နဲ့  ၅ ရက်နေ့တွေမှာ ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ စုပေါင်းရုံး၊ ခရိုင်ရဲမှူးအိမ်၊ ခရိုင်ရဲစခန်းနဲ့ ရဲကင်းဘန်ကာတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးသီးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်တွေအပေါ် ဗုံးသီးတွေ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေက ရော့ကတ် ၃ လုံးနဲ့ပါ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ အထိအခိုက်များခဲ့သလို အောက်စီဂျင်ဘူးတွေ အသည်းအသန်ရှုနေရကြောင်းနဲ့ ဝပ်ကျင်းထဲ ပုန်းအောင်းနေကြရတယ်လို့ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်

ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ အထိနာနေတဲ့ စစ်အုပ်စုတွေက မြို့သစ်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်၂ လုံး၊ ဆန်စပါးနဲ့ နွားစာသိုလှောင်ရုံ အဆောက်အဦ ၄ လုံး၊ ထွန်စက် ၁ စီး၊ နွားစာစဥ်းစက် ၁ ခုံ၊ ဆိုင်ကယ် ၁ စီးနဲ့ စက်ဘီး ၂  စီးတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“ဟုတ် ထိခိုက်မှုတွေရှိတယ်။ ခရိုင်မှူးသား ဒဏ်ရာအပြင်းထန်ရထားတယ်။ အောက်စီဂျင်အိုးတွေ  ကားတွေနဲ့ သယ်နေတာတော့ သိရတယ်။ ဒီကောင်တွေ အထိနာသွားလို့ မထွက်တာ တစ်နေ့နီးပါးလောက်ရှိတယ်။ ယင်းမာပင်မြို့အရှေ့ဘက် ကပ်လျက်က မြို့သစ်ကျေးရွာကို ဝင်ပြီးမီးရှို့သွားပါတယ်။ ဒီကောင်တွေ အထိနာတာကတော့ ပထမရက်ကပါ” လို့ ​နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို နယ်စည်းမခြားဇာမဏီပြောက်ကျားခ(ယင်းမာပင်ဒရုန်းတပ်ဖွဲ့)  နဲ့ အတူ၊ ယင်းမာပင်ခရိုင်ဒရုန်းတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁/၁၇/၃၇)၊ ဗျူဟာ (၄၃ / ၄၇ )၊ Salingyi Special Task Force၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၉) တပ်ခွဲ(၁) Golden Star Force၊ တောကျီးကန်း၊ အာဠာဝက၊ တောသားကြီး၊ BED ငညို၊ SBTF၊ Anyar Fighter၊ ပြည်သူအားလုံးရဲ့PK၊ GZ Fighter (Lpdf) နဲ့ Next Generarion Hope စတဲ့ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းဆီ အခုတစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့ အလင်းဝင်​ရောက်လာခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လာမည့် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေရှိနိုင်လို့ ပြည်သူတွေ သတိပြုနေထိုင်ဖို့ စစ်ကောင်စီ ကြေညာ

လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှင်ပြုပွဲလုပ်မည့်နေအိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲခံရ၊ မောင်ရှင်လောင်းနှင့် အလှူ့ဒါယိကာ သားအဖ အပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။
Read More

NUG ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်များက အတုဖြစ်ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနိုင်ထူးအောင်နဲ့ ပတ်သက်လို့ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်စာတွေဟာ အတုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း PDF တပ်ရင်းထောက်ပံ့မှု ကျပ်သိန်းပေါင်း ၃ သိန်းကျော် သုံးစွဲခဲ့ဟု NUG ဆို

“ ယခင် အမှတ်(၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသဟူ၍ စစ်ဒေသ(၃)ခု ဖြင့် စုဖွဲ့ခဲ့ပြီး မဟာမိတ် ERO များ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်ဆောင်ရွက်ခဲ့သည့် ကွပ်ကဲမှုပုံစံအား အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း အောက်ပိုင်း (၅) ခရိုင်၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ကို ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က လွှဲပြောင်းရယူခဲ့ပြီး အုပ်ချုပ်ထောက်ပံ့မှုနှင့်အတူ စစ်ဆင်ရေး ကွပ်ကဲမှုကိုပါ ကောင်းစွာလည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အလားတူ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်း စစ်ဒေသများ ကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသော တိုင်းစစ်ဌာနများအဖြစ် ပြင်ဆင် စုဖွဲ့ကွပ်ကဲမှုရယူခဲ့သည်” လို့ NUG_MOD ရဲ့ အစီရင်ခံစာက ဆိုပါတယ်။