မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေအခြေချနေတဲ့ စခန်းကို လက်နက်ကြီးပစ်ခတ်ခဲ့သလို ခမရ -၁၁၆ က တပ်ကြပ် ၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၃ရက်၊ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ သက္ကယ်ကျင်းရွာနဲ့ ဘိုင်ဘင်ရွာကြားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ပကဖတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ၆၀မမ တွေ သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

လက်နက်ကြီး ၄လုံးပစ်ခတ်ရာမှာ ၂လုံး ချို့ယွင်းချက်ဖြစ်ပြီး မထိရောက်ခဲ့ပေမယ့် ကျန်တဲ့ ၂လုံးကတော့ ပစ်မှတ်ကို ကွက်တိထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်တယ်လို့ ပုသိမ်ကြီးပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သက္ကယ်ကျင်းနားတစ်ဝိုက် စခအထိုင်ချတာ များတယ်။ သက္ကယ်ကျင်းနဲ့ ဘိုင်ဘင်ကြား​က တောင်ခြေတွေပေါ့။ စခတွေတပ်စွဲတယ်။ ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့ နေရာက စခအင်အား ၃၀လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ နေရာပါ။ ၆၀မမ ၄လုံးပစ်တာ ၂လုံးထိတယ်။ စခဗိုလ်နေတဲ့ ခြံနားအထိ ရောက်တယ်လို့ သိရတယ်ပေါ့။ ကျန်တဲ့ ၂လုံးမှာ ၁လုံးက မထွက်ဘူး။ ၁လုံးက ပစ်မှတ်ရောက်ပေမယ့် မပေါက်တာပေါ့။ အဲ့နားပတ်ဝန်းကျင်က တောထဲဖြစ်တာရယ် စခတွေပဲရှိတော့ ရဲဘော်တွေလည်း ပစ်ပြီးတာနဲ့ ပြန်ဆုတ်ရတယ်။ ပစ်မှတ်ရောက်လို့ ထိခိုက်မှုရှိတာသေချာပေမယ့် အတိအကျစုံစမ်းလို့တော့ မရသေးဘူး။ စခကားတစ်စီး​ အဲ့ကနေ မြန်မြန်မောင်းထွက်သွားတယ်ပဲ ကြားတယ်။” လို့ ပုသိမ်ကြီးမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုသိမ်ကြီး ပကဖတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ တပ်ကြပ် စိန်သန်း

ဇန်နဝါရီလ ၅ရက် နေ့လည်ပိုင်းမှာလည်း ပုသိမ်ကြီး EPC ရုံးမှာ တာဝန်ကျနေတဲ့ တပ်ကြပ် စိန်သန်းဆိုသူကို ပကဖတပ်ဖွဲ့ဝင်တွေက မြင်းစိုင်းလမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“စိန်သန်းက ပုသိမ်ကြီးအရှေ့ဘက် ခမရ-၁၁၆ က တပ်ကြပ်ပါ။ သူက EPC ရုံးမှာ တာဝန်ကျနေတာ။ အဲ့နေ့က သူ ပုသိမ်ကြီး အထက အနောက်ဘက်တည့်တည့် မြင်းစိုင်းလမ်းပေါ်မှာ ယူနီဖောင်းတကားကားနဲ့ ဆိုင်ကယ်စီးလာတာတွေ့လို့ ရဲဘော်၂ယောက်က ကျည်၁တောင့်ပစ်ပြီး ရှင်းလင်းခဲ့တာပါ။ အထွေအထူးတော့မရှိပါဘူး။”လို့ ပုသိမ်ကြီးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တပ်ကြပ်စိန်သန်းကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက်မှာတော့ နယ်မြေအနေအထားအရ ရှင်းလင်းခံရသူဆီကနေ ဘာမှယူဆောင်ချိန်မရဘဲ ပုသိမ်ကြီးပကဖတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းအမျိုးသားတပ်မတော်၊ အမှတ် (၂၁၀၅) တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့

ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ

ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။