မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ မိတ္ထီလာရဲတပ်ရင်း (၃၅) က ရဲတပ်သား ၁ယောက်ဟာ Southern YSO PDF ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။

စစ်မှုထမ်းဥပဒေအကြောင်းပြ စုဆောင်းခံရပြီး ရဲတပ်ဖွဲ့ဝင်ဖြစ်လာတဲ့ ကိုနေသူအောင်ဟာ လက်ရှိမှာ အသက်(၁၉) နှစ်ရှိပြီဖြစ်ပြီး အလင်းဝင်ရောက်ချိန်မှာ သူနဲ့အတူ ပါရီစက်ကလေး သေနတ်အမျိုးအစားခေါ်  81 သေနတ် ၁လက်၊ ကျည်ဘောက် ၂ခု၊ 7.62 ကျည်အတောင့်၅၀တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၂ မှာ ရန်ပွဲတစ်ခုကနေ အဖမ်းခံလိုက်ရတယ်။ အဲ့ကနေ စစ်မှုထမ်းထဲ ခေါ်ဆောင်သွားခံရတယ်။ ၂၀၂၃ မှာတော့ ရဲသင်တန်းတက်ရတယ်ပေါ့” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။

Southern YSO PDF ထံ ရဲတပ်သား ကိုနေသူအောင် လက်နက်နဲ့တကွ အလင်းဝင်လာစဥ်

အလင်းဝင်ရောက်လာတဲ့ ကိုနေသူအောင်ကို ဆုငွေသိန်း၄၀ ကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနဲ့ နေထိုင်လိုတဲ့အရပ်ကို ဘေးကင်းလုံခြုံအောင် ပို့ဆောင်ပေးထားပြီးဖြစ်တယ်လို့လည်း Southern YSO PDF က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ Southern YSO PDF ဆီအလင်းဝင်ရောက်လာတဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီးအများအပြားရှိနေပြီဖြစ်ကြောင်းနဲ့ တချို့က လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ကြသလို တချို့လည်း ဘေးလွတ်ရာမှာနေထိုင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာအလုပ်လုပ်နေသူတွေအနေနဲ့ အာဏာရှင်ခိုင်းဖက်အဖြစ်မနေဘဲ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ Southern YSO PDF က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တိုက်နယ်(၅)ပကဖ အဖွဲ့က ထမင်းထုပ်ဝေတာအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

မြင်းခြံ၊ နွားထိုးကြီးနှင့် တံတားဦးတို့တွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုဘက်က ​၂၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီးနဲ့ တံတားဦးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ၄ရက်ဆက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက်၂၀ နဲ့ အထက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄၊ ၁၀) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။