စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။

သံပြားကာ စစ်ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ TNT ယမ်းနဲ့ ပြုလုပ်ထားတဲ့ နှစ်ဆင့်ကွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ယာဉ် မိုင်းစထိမှန်ပြီး ရပ်တန့်သွားကာ ယာဉ်ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လမ်းဘေးဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ ရဲဘော်တွေဟာ စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်တဲ့ ကျည်ဆန်တွေကြားကနေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Area 71 PDF Monywa ၊ ANYAR DEFENCE FORCE (ADF)နဲ့ Tiger Brother Peoples Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှာ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းက စတင်ပြီး KIA နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြို့မကျစေရေး ခုခံနေတယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းမှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ဆိုင်ကယ်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF အဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား ပျောက်ကြားတိုက်ခိုက်မှု ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းအား တော်လှန် ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။