ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာကို အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိစဉ်မှာ ယာဉ်မောင်းကို မတွေ့ရဘဲ ပစ်ကပ်ကား ၂ စီးတွေ့ရကြောင်း၊ ခြေနှစ်ဖက်ပေါ် သစ်ကိုင်းကျိုးကျနေပြီး လမ်းပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသမီးအလောင်း တစ်လောင်းကိုလည်း တွေ့ရပြီး တရားမဝင် ရွှေ့ပြောင်းမြန်မာ ၁ ယောက်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ထပ် တရားမဝင်ရွှေ့ပြောင်းအမျိုးသား ၂ ယောက်လည်း ဒဏ်ရာရရှိထားပြီး တစ်ယောက်က တင်ပါးဆုံရိုးကျိုးသွားကာ ဦးခေါင်းဒဏ်ရာတွေနဲ့ အပြင်းအထန်ဖြစ်နေကြောင်း သိရပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ကန်ချနပူရီ Sangkhla Buri ခရိုင်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀ ကို တင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားနှစ်စီး မတော်မဆမှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးရဲ့ အလောင်းကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေစဉ် (ဓာတ်ပုံ Piyarach Chongcharoen)

ဒဏ်ရာရသူ ၂ ယောက်ဟာ နွန်လူမှာရှိတဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားဖို့အတွက် သဘာဝလမ်းအတိုင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ အယောက် ၃၀ ထဲမှာ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက်မှာ ယာဉ်မောင်း ၂ယောက်စလုံးဟာ အခြားတရားမဝင်ရွှေ့ပြောင်းတွေနဲ့အတူ ထွက်ပြေးသွားခဲ့ကြောင်းနဲ့ သူတို့နှစ်ယောက်ကတော့ ဒဏ်ရာရရှိထားတာကြောင့် ကျန်ရစ်နေခဲ့တာဖြစ်ကြောင်း အဲဒီအမျိုးသား ၂ ယောက်က ပြောပါတယ်။

ယာဉ်မတော်တဆဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘဲ၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း – Illegal migrant killed, 2 injured in crash near border

0 Shares:
You May Also Like
Read More

ထိုင်းအစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးနှင့် သံတမန်ရေးရာအပိုင်းမှာ တက်တက်ကြွကြွ ထောက်ခံအားပေးနေဟု Blood Money ပြော

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာအပိုင်းမှာ အထောက်အပံ့ပြုနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားများ ဂရုစိုက်နေထိုင်ကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာ ပိုမိုကြီးထွားလာပြီးနောက် ဒီနေ့မနက်ပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းဘက်ခြမ်းမှာ ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။
Read More

ထောင်ချီသည့် အမေရိကန်ပြည်သူများ သမ္မတထရမ့်ကို ထပ်မံဆန္ဒပြ

အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွား၊ အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေ…

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်က ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် သေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။