တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ပြည်သူတွေနဲ့ တော်လှန်ရဲဘော်တို့ကို ၂၀၂၄ တစ်နှစ်တာအတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့တဲ့ အခြေအနေတွေကို လောင်းလုံး PDF ကနေ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅၄၆၄ ယောက်နဲ့ ရဲဘော် ၁၉၈၉ ယောက်တို့ကို လောင်းလုံး PDF က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှု၊ ပြည်တွင်းပြည်ပ ထောက်ပံ့မှုနဲ့အတူ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု‌ တောက်လျှောက်ပေးပါတယ်ဗျ… စစ်ရှောင်ရှိလာတဲ့အချိန်တွေတိုင်းမှာ ကျနော်တို့ လောင်းလုံးပကဖကျန်းမာရေးအရ စောင့်ရှောက်မှု အစီအစဉ်တွေပါ၀င်ပါတယ်” လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လတ်တလောမှာလည်း ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားထားတာတွေ ရှိခဲ့တာကြောင့် တိုက်ပွဲပြီးသွားပေမယ့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၅၀၀ ကျော်ရှိနေသေးပြီး ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

အဆိုပါ ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်းမှူး အပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား အယောက် ၄၀ နဲ့အထက် သေဆုံးခဲ့တာပါ။

တော်လှန်ရေးရဲဘော်တွေဘက်မှာလည်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ရဲဘော် ၂ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော်တချို့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အင်အား အလွန်အကျွံ သုံးစွဲပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တာကြောင့် ထားဝယ်ခရိုင်တပ်ပေါင်းစုအနေနဲ့ ခွာစစ်ပြုခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ထောက်ပံ့မှုများ (ဓာတ်ပုံ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို ကြိုဆိုကြောင်းနဲ့ ကျူးလွန်ပတ်သက်သူတွေကို အမြန်ဆုံးဖမ်းဆီးမိန့်ထုတ်ပြန်ဖို့ Defend Myanmar Democracy အဖွဲ့တောင်းဆို

အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် အပါအ၀င်  ၂၅ဦးကို  ဖမ်းဆီးမိန့်ထုတ်ပြန်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့  Defend Myanmar Democracyအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ​ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ယောက် ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။