ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်းပကဖဦးဆောင်အဖွဲ့က ပုသိမ်ခရိုင်၊ ​မြောင်းမြခရိုင် ပကဖ၊ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင်ပကဖ  တာဝန်ရှိသူတွေ၊ ရဲ​ဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ဧရာဝတီတိုင်းပကဖရဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပကဖ လုပ်ငန်းလမ်းညွှန်ချက်နဲ့အညီ ဧရာဝတီတိုင်းစစ်ဌာန၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ တိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ဟန်ချက်ညီညီ ဖော်ဆောင်သွားနိုင်ဖို့အရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီတွေ့ဆုံမှု ခရီးစဉ်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၊ တိုင်းပကဖ တာဝန်ခံ ရဲဘော်အတူး၊ စစ်ရေးတာဝန်ခံ ရဲဘော်ဂျိုကာ၊ စည်းရုံးရေးတာဝန်ခံ ရဲဘော်ထူးထက်၊ ဘဏ္ဏာ​ရေးမှူး ရဲဘော်ဂျီး​တော်၊ ရုံးအဖွဲ့မှူး ရဲဘော်ဗေဒါနဲ့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဟင်္သာတခရိုင်ပကဖတာဝန်ခံတွေ၊ CRAH ဥက္ကဋ္ဌနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Chinland Defense Force – Kalay-Kabaw-Gangaw တပ်ရင်း ၁ ရဲ့ အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw (CDF - KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပဲခူးတိုင်းမှာ ၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု AAPP ထုတ်ပြန်

ပဲခူးတိုင်းမှာ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံရပြီး ပြည်သူ့စစ် ဖြစ်လာသူ ၂ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင် ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်၂ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံလာကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။