မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။

ရွှေကုက္ကိုလ်မြို့ကို ရောက်ရှိတဲ့ ရက်ပိုင်းအတွင်း တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်စာအတိုတွေ ရေးသားလေ့ကျင့်ဖို့ စေခိုင်းခံခဲ့ရတယ်လို့ Wang Xing က ထွက်ဆိုထားတာပါ။

လူကုန်ကူးခံရတဲ့ တရုတ် သရုပ်ဆောင်ဟာ ထိုင်းရဲ့ အနုပညာအေဂျင်စီဝန်ထမ်းအဖြစ် ဟန်ဆောင်ထားတဲ့ လူလိမ်နဲ့ အဆက်အသွယ်ရခဲ့ကာ ဇန်နဝါရီ ၃ ရက်မှာ ဘန်ကောက်မြို့ကို ရောက်ရှိလာပြီးနောက် မဲဆောက်ကနေတဆင့် မြန်မာနိုင်ငံပိုင်နက်ထဲက ရွှေကုက္ကိုလ်မြို့ဆီ လှည့်စားခေါ်ဆောင်သွားခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရတဲ့ Wang Xing ကို ထိုင်းရဲအရာရှိတွေနဲ့ တွေ့ရစဥ်

ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် Wang Xing အပါ တရုတ်နိုင်ငံသား အယောက် ၅၀ ခန့်ကို​ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေ အများအပြားရှိရာ ရွှေကုက္ကိုလ်မြို့ထဲကနေ ရွှေကုက္ကိုမြို့ကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ ညှိနှိုင်းကာ ဇန်နဝါရီ ၇ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ အရှေ့ဘက် ၁၅ မိုင်ခန့်မှာ ရှိတဲ့ ရွှေကုက္ကိုလ်မြို့ဟာ ငွေလိမ်ကျားဖြန့်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပြီး စစ်ကောင်စီ လက်အောက်ခံ စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ် (BGF) နဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ မြို့လည်းဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ရှီနာဝပ်ထရာကလည်း Wang Xing ဖြစ်စဥ်ဟာ ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေနိုင်တာကြောင့် လိုအပ်တဲ့ စီမံတုံ့ပြန်မှုတွေ အရေးတကြီး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

လူကုန်ကူးခံရတဲ့ Wang Xing ကို ထိုင်းရဲအရာရှိတွေနဲ့ တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။