စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force – UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ တောပုပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ၄ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်တွေဘက်ကတော့ ဒရုန်း ၃ စီး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Urban Hunter Force – UHF၊ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၂) တိုင်းကျော်တပ်ခွဲ၊ စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း အမှတ် ၁၈၂၅ (SDDF)၊ မိတ္ထီလာ Special Defence Force နဲ့ Shining Star Local Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ…

အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရရဲဘော်တွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။