စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ဇန်နဝါရီလ ၆ရက်နေ့၊ နေ့လယ်ပိုင်းက ကျွန်းလှ-ကန့်ဘလူလမ်းပိုင်း၊ သင်ပန်းတောလမ်းခွဲအနီးမှာရှိတဲ့ ပျူစောထီးတွေကို တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပျူစောထီး၂ယောက် နေရာတင်သေဆုံးကာ ၁ယောက်ကတော့ ပေါင်ကိုထိမှန်ပြီး ကန့်ဘလူမြို့ ကုတင်၁၀၀ ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ပြောပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီး၂ယောက်ကိုလည်း ဇန်နဝါရီလ ၇ရက်နေ့မှာ ကား၂စီးနဲ့ ကန့်ဘလူသုဿာန်ဆီ ပို့ဆောင်သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းဟာ အကြမ်းဖက်စစ်ကောင်စီတပ် စိုးမိုးရာနေရာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားတဲ့ သင်ပန်းတောလမ်းခွဲဟာလည်း စစ်ကောင်စီတပ်တွေ သဖန်းဆိပ်ဆည်ဆီထွက်ရာမှာအဓိကအသုံးပြုတဲ့ လမ်းပိုင်းဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားရာ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်း

ဒါ့အပြင် ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေက ခရီးသွားလာတဲ့အရပ်သားတွေကို မှတ်ပုံတင်ပါမှ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာအကျော် တံတားအနီးမှာ ကြိုးကြာကျေးရွာ အုပ်ကြီးဖြစ်သူနဲ့ စစ်သား၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီး အုပ်ကြီးက လက်ထိမှန်ခဲ့ပေမယ့် စစ်သားကတော့ ဦးခေါင်းထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

“၃ရက်နေ့က ဖြစ်တဲ့ကိစ္စက ကန့်ဘလူမြို့တောင်ဘက်မှာဖြစ်တာပါ။ ၆ ရက်နေ့ကကျ ကျွန်းလှမြို့တောင်ဘက်က ကျွန်းလှ-ကန့်ဘလူကြားမှာဖြစ်တာ” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မောင်းအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို တစ်ရက်တည်းမှာပဲ စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ်နှင့် စေတီများ ထိခိုက်ပျက်စီး

မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချပ်သင်းအထိုင်စခန်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ရှောင်လင်မယားကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ CDM လုပ်ပြီး တော်လှန်နေတဲ့ PDF-Zoland ဒုတပ်စိတ်မှူး ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။