စစ်ကိုင်းတိုင်း အရာတော်မြို့ လေ့ကျင့်ရေး အမှတ် (၁၀) က ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၁) တပ်ရင်းထံက သိရပါတယ်။

နှစ်ဘက်ထိတွေ့တိုက်ပွဲ ၇ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ယောက်သေကာ ပျူစောထီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၂၁)တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း(၆)၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နယ်ခံမဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို အပြင်းထန်ဆုံး လက်တုံ့ပြန့်သွားမည်ဟု AYA PDF ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကြောင်းထိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ၊ အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာ သဲလမ်းရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တာ ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း ယနေ့မနက်အစောပိုင်း အင်အားအသင့်တင့်ရှိ ငလျင် ၂ ခု လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် MBT တပ်ဖွဲ့ဝင်များ မြို့တွင်းတွင် လှည့်လည်အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင် (Operation CB) နဲ့အတူ Myingyan Black Tiger (MBT)တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ MBT က သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ MBT တပ်ဖွဲ့ဝင်တွေဟာ မြို့ကိုသိမ်းပိုက်အပြီး မြို့တွင်းမှာ လှည့်လည်အောင်ပွဲခံခဲ့ကြတယ်လို့လည်း သ်ရပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ တပ်ရင်းရိက္ခာအတွက် ဆောင်းရာသီ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက တပ်တွင်းလိုအပ်တဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ ‌‌ဆောင်းရာသီ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးထားပုံကို ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိအပါအဝင် ၉ ဦး သေပြီး ၁၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို မတ်လ ၂၃ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar အဖွဲ့ထံက သိရပါတယ်။