စစ်ကိုင်းတိုင်း၊ ​ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဗိုလ်ကြီး ၃ ယောက် ဦးစီးတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ​က တစ်ရက်တည်း အပြတ်သတ်ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ တစ်နေ့တာ တိုက်ပွဲတွေအတွင်း ၁၀၂၇ အပိုင်း (၂) ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်းတွေနဲ့အတူ ပကဖနဲ့ Local တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲဲ့ကြတာဖြစ်ပြီး စစ်ကြောင်းလိုက်​ချေမှုန်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးသေဆုံးကာ လက်နက်အများအပြားကိုလည်း စစ်သုံ့ပန်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ကြပါတယ်။

စစ်ကောင်စီ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးတဲ့ အင်အား ၇၇ယောက်ပါအမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်က အကြမ်းဖက်စစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ ရွှေဘိုခရိုင်တပ်ရင်းတွေက ဇန်နဝါရီလ ၅ ရက်၊ မနက်အစောပိုင်းကစလို့ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နေ့တစ်ဝက်နီးပါး အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာ​ပဲ စစ်ကောင်စီက ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာကိုတံတားဦးလေဆိပ်တက် Yak-130 လေယာဥ်နဲ့ မိတ္ထီလာ​ ရှမ်းတဲလေဆိပ်တက် MiG -29 လေယာဥ်တွေ အသုံးပြုပြီး ၂ ကြိမ်စီ လေ​ကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဇန်နဝါရီလ ၅ရက်နေ့က ဝက်လက်မြို့နယ် တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ (ဓာတ်ပုံ အမှတ် (၁) စစ်ဒေသ)

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက် ၄၅ လက်နဲ့ ဆက်စပ်ပစ္စည်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့အတူ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမှတ်-၁စစ်ဒေသက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်ဝက်လက်မြို့ကနေ စစ်ကူလာတဲ့ ဗိုလ်ကြီးကျော်မင်းခိုင်ရဲ့ အင်အား ၃၀ ပါ အကြမ်းဖက်စစ်သားတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီးကျော်မင်းခိုင် အပါအဝင် ၉ယောက် ထိခိုက်ဒဏ်ရာတွေနဲ့ ဆေးကုသနေရကြောင်း သိရပါတယ်။

“၄ နှစ်တာ ကာလမှာ ကျနော်တို့ ဝက်လက်မြို့နယ်ရဲ့ အအောင်မြင်ဆုံး ပွဲတစ်ပွဲလို့ ပြောလို့ရပါတယ်။ ကျနော်တို့ တပ်ရင်း ၁၅ ရဲဘော်တွေအနေနဲ့ကတော့ ပထမဆုံးအောင်မြင်မှု မဟုတ်ပါဘူး။ ဘာလို့လဲဆို ရဲဘော်တွေက ရှမ်းမန်းစစ်ဆင်ရေးမှာ အင်ကြင်းမြိုင်၊ စဉ့်ကူး၊ နောင်ချို ၆၀၆ တပ်တွေကို စခန်း အကျွတ် တိုက်လာခဲ့တာလေ။ ဝက်လက်မြို့နယ်မှာပဲ ပထမဆုံး အောင်မြင်မှုပါ။ အရင်တုန်းက ပစ်ပြေးဘဝကိုလည်း ဘယ်တော့မှ မမေ့ပါဘူး။ မစုံမလင်နဲ့ လုပ်ရတာလေ။ အခုစစ်ကြောင်းမှာက တပ်ရင်း ၁၅ အနေနဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ပူပူနွေးနွေး အလက်တွေရတယ်။ ၅ ရက်နေ့မှာ အဲ့အလက်နဲ့ ပြန်ဆော်တယ်။ ရဲဘော်တွေကလည်း သူတို့ရဲ့ အတွေ့အကြုံကို ခုပွဲမှာ ပြလိုက်ရတော့ တော်တော်လေး ဝမ်းသာအားရကြတယ်” လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ဗိုလ်ကြီးအေးမျိုးထွန်းဦးဆောင်တဲ့ တပ်မ- ၃၃ လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်တွေ ဝက်လက်မြို့နယ်၊အုန္နဲဘုတ်ကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ ၃ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ရက်နေ့က ဝက်လက်မြို့နယ် တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း (ဓာတ်ပုံ အမှတ် (၁) စစ်ဒေသ)

အဲဒီစစ်​ကြောင်းဟာ ဇန်နဝါရီလ ၄ရက်နေ့ကတည်းက စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်း နေတာကြောင့် ဒေသခံတွေလည်းထွက်​ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအတွက် တော်လှန်ရေးတပ်တွေက နောက်တစ်နေ့ (ဇန်နဝါရီလ ၅ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေ ရွာကိုမီးမရှို့နိုင်ခင် လက်ဦးမှုရယူကာ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ အကြိမ်၂၀ကျော် လေကြောင်းပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

အုန္နဲဘုတ်ရွာ တိုက်ပွဲမှာ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း နဲ့အတူ ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊တပ်ရင်း၁၈တပ်ခွဲ (၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ ၊ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့ ၊ တပ်ခွဲ(၄) ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့ နဲ့ ဒေါင်းစစ်သည်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှင်းနေတယ်လို့သိရပါတယ်။

“စစ်ကြောင်း တစ်ဝက်လောက် ကတော့ လွတ်သွားပါတယ်။ လေကြောင်းပစ်ပြီး ထွက်ပေါက် ရှာပြီး လွတ်သွားတာလို့ ပြောရမယ်။ တိုက်ပွဲအောင်မြင်ခဲ့ရတဲ့အကြောင်းကတော့ ရှမ်းမန်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ စစ်ရေးအတွေ့အကြုံ ရင့်ကျက်လာမှုနဲ့ အဲ့ကနေ ရရှိခဲ့တဲ့ လက်နက်တွေကြောင့်ပါ။ အရင်ကဆို ကျနော်တို့က ချောင်းပစ်၊ ပြီးရင်ပြေး။ ပစ်ပြေးလောက်ပဲ ရတာပေါ့။ လက်နက်မရှိကြဘူး။ အခုတော့ ရှမ်းမန်းစစ်ဆင်ရေးက ရလာတဲ့ လက်နက်တွေနဲ့ ကျနော်တို့အညာတပ်ရင်းတွေဟာ အတန်အသင့် လက်နက် ပြည့်စုံလာပြီမို့ စကစ ကို ပြန်ပြီး ထိပ်တိုက်ရင်ဆိုင် တိုက်နိုင်လာပါပြီ။” လို့ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး) က မောင်းကိုပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ ဒုတိယပိုင်း၊ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းက ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် အယောက် ၂၀ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရှိန်ကောင်းနေသည့် ချင်းညီနောင် မြို့သိမ်းတိုက်ပွဲများ၊ “မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။
Read More

အမှောင်ထဲက ပြေးထွက်လာနိုင်ခဲ့တဲ့ အာဏာရှင်စစ်ခေါင်းဆောင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဟောင်း

"အဲ့တုန်းက ကျနော် အမေစုအိမ်မှာ တာဝန်ကျနေတာ။ အာဏာသိမ်းကာစပေါ့။ တပ်ထဲက သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတာနဲ့ သူ့ကိုအကူလိုက်သွားပေးရင်း အခွင့်အရေးရတာနဲ့ ဒီဘက်ချက်ချင်းထွက်လာလိုက်တာပါ။ နောက်တစ်ခါ အခွင့်အရေးဆိုတာ မသေချာဘူး။" လို့ ကိုအောင်ကျော်ထက်က သူ CDM လုပ်လာတဲ့အကြောင်း ပြောပြပါတယ်။
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။