ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အိမ်က လူဟာ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုက ဖြစ်ပြီး သေဆုံးသူ အမျိုးသားရဲ့ လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ ခွင်းဗုံးအမျိုးအစားကနေ ထပေါက်တာ ဖြစ်နိုင်ကြောင်း သိရပါတယ်။

“သေဆုံးသူကတော့ နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကိုမင်းသားကြီးပါ။ ဇနီးနဲ့အတူ အိမ်မှာရှိနေစဥ် ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး ဗုံးစမှန်ကာ လင်မယား၂ယောက်လုံး သေဆုံးခဲ့တာ” လို့ အမှတ်၅ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်က မောင်းကို ပြောပါတယ်။

“ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အိမ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါ အတူရှိခဲ့တယ်၊ အမျိုးသမီးမှာလည်း သတိလစ်မေ့မြောခဲ့ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံကြီးမှာ သွားပြီး ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့တယ်” လို့လည်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

မြဝတီမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ အများအပြား ရှိနေပြီး သူတို့ကိုင်ဆောင်ရာ လက်နက်ခဲယမ်းတွေကို နေအိမ်တွေမှာ ယူဆောင်ထားလေ့ရှိသလို မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွါးလေ့ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် KNDF တပ်ရင်းအမှတ် (၃၄) မှ ရဲဘော် ခူးမီရယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၃၄)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်း ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့ရဲ့ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရုံးပင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးပွေ့ချီထွက်ပြေးသည့် မိခင်အပါ ၂ ဦး သေဆုံး၊ ကလေးငယ် အသက်ရှင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNU မူတြော်ခရိုင်တွင် စစ်မှုထမ်းဆင်း စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။