မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဦးထွန်းလင်းနိုင်ဦးဟာ စားသောက်ဆိုင်ကနေ သူ့ရဲ့ကားနဲ့ ပြန်လည်ထွက်ခွာချိန်မှာ လူတစ်စုက ကားပေါ်ကနေ အတင်းဆွဲချပြီး အသင့်ပါလာတဲ့ ကားပေါ်ကို ခေါ်ဆောင်သွားခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပြန်ပေးဆွဲခံရပြီး ၅ ရက်ကြာတဲ့ ဒီနေ့ ဇန်နဝါရီ ၇ ရက်အထိ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်လျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္မမြို့ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်များမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေး (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲဘော်တွေက မတရားဖမ်းဆီးခံထားတဲ့ လူထုခေါင်းဆောင်နဲ့ မြန်မာပြည်သူတွေ အမြန်ဆုံး လွတ်မြောက်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

မြင်းခြံ-တောင်သာလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ သေကာ လက်နက်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပေါ်မှာ အင်အား ၁၀၀ ခန့်ရှိ ခမရ ၁၅၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ ခန့်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။