လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်နေ့မှာ အကျဥ်းသား ၅၈၆၄ ယောက်ကို လွှတ်ပေးခဲ့တဲ့အထဲ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံ‌ရေး အကျဉ်းသား ၃၄၄ ယောက်သာရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။

ပုဒ်မ ၅၀၅ လွတ်မြောက်မှု အရေအတွက် ပြောဆိုချက်ဟာ မြေပြင် အမှန်တကယ် လွတ်မြောက်တဲ့ စာရင်းနဲ့ များစွာကွဲလွဲနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၆၀၀ လွှတ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် မြေပြင်မှာ အမှန်တကယ် စာရင်းကောင်ယူကြည့်မှုတွေအရ ၃၀၀ ကျော်သာ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ လက်ရှိအချိန်အထိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်းလုံးမှာ စစ်ကောင်စီက ဖမ်းဆီးထားသူဦးရေ စုစုပေါင်း ၁၅,၂၉၃ ယောက် ရှိပြီဖြစ်ပါတယ်။

နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးနေမှုဟာ တစ်နှစ်ကို ၇ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ISP- Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး လိမ်လည်မှုကျူးလွန်ခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အကြိမ်ကြိမ်ကျူးလွန်ခဲ့တာလို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသည့် စစ်ကော်မရှင်တပ်သား ၅ ဦး KNU ထံ လက်နက်ချ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကော်မရှင်တပ်သား ၅ ယောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံ အလင်းဝင်ရောက်လာတယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို ကလေး ပကဖ  အရှင်ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက သမီးဖြစ်သူကို အကျဥ်းချကာ အဖေဖြစ်သူ၏ ရွေးကောက်ပွဲမိန့်ခွန်းသုံးပြီး ပြည်သူကို ခြိမ်းခြောက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို နေ့စဥ်နဲ့အမျှ ထည့်သွင်းဖော်ပြနေပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။