တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းမှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိတွေ့ တိုက်ပွဲဟာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေက စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သလို MAကျည်ပေါက် ၄ ခု ၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်နဲ့ အီကွေးမန့် ၁ စုံ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို တော်လှန်ရေးရဲဘော် ၃ ယောက်ကလည်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒူရက စစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့နဲ့ (D.E.F-PDF) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယူနက်စကိုစာရင်းဝင် ပုဂံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွက် နိုင်ငံတကာတရားရုံးတွေကနေ အရေးယူနိုင်အောင်ကြိုးပမ်းမည်ဟု NUG ပြော

ယူနက်စကို စာရင်းဝင် ပုဂံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို  နိုင်ငံတကာတရားရုံးတွေကနေ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်အထိ တိုးချဲ့နိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေဟု ဆို

မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ အများအပြား ထိခိုက်သေဆုံး၊ စစ်ကြောင်းဝင်လာချိန် လူသားဒိုင်းအဖြစ် ဖမ်းဆီးမခံရအောင် ပြည်သူတွေ သတိပြုရှောင်ရှားဖို့ တိုက်တွန်း

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပစ္စည်းတွေ ပို့ဆောင်တဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။