အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က ဗျူဟာ (၃၂) ကော်ဘရာစစ်ကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၁)၊ တပ်ရင်း (၅၁၀၂) ၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) နဲ့ ရှေ့တန်းစစ်ဆင်ရေးနယ်မြေရှိ ထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို တွေ့ဆုံကာ အားပေးစကားပြောခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခြင်းနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှု ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပညာရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဦးမျိုးသန့်၊ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန်ခံ၊ မွန်ပကဖတာဝန်ခံတို့ လိုက်ပါခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း NUG တရားဝင်ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီလ (၇) ရက် မနေ့က ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံများ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကောင်စီတပ်တွေ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။