တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အပြောင်းအလဲလို့ ပြောတဲ့နေရာမှာ အခြေအနေတွေရဲ့ အပြောင်းအလဲတွေကိုလည်း ကျနော်တို့ ကြုံလာရမယ့် နှစ်ဖြစ်သလို၊ ကျနော်တို့ကိုယ်တိုင်လည်း မိမိကိုကိုယ် အပြောင်းအလဲတွေ လုပ်ကြရမယ့်နှစ်လို့ ယူဆပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။ 

NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ခြေလှမ်းတွေကို  လေးလေးနက်နက် ပြန်လည် သုံးသပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကိုလည်း ယာယီသမ္မတက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

“တော်လှန်ရေးအလုပ်တွေကို မြန်အောင် လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်”ဆိုတဲ့ မူဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ၂၀၂၄ နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။ တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် ဆွေးနွေးနေဆဲရှိသလို အတော်များများကတော့ ကျနော်တို့အားလုံးမှာ လွှမ်းခြုံမိတဲ့ ဆုံးဖြတ်ချက်တွေ ဦးတည်ချက်တွေ ရှိထားပြီးဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

(ဓာတ်ပုံ Acting President Duwa Lashi La’s Facebook)

ဒါ့ကြောင့် အပြောနဲ့အလုပ်ညီပြီး လက်တွေ့ကျစေရမယ့် လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနအလိုက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်‌တွေကို ပြည်သူလူထုထံ အစီရင်ခံတင်ပြဖို့ ကိစ္စရပ်တွေလည်း ရှိလာပြီ ဖြစ်ပြီး အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ရှေ့ဆောင်ရှေ့ရွက်အနေနဲ့ ပြည်သူကို အစီရင်ခံ တင်ပြတဲ့ ကိစ္စနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ပြည်သူလူထုထံ တင်ပြခဲ့ပြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။ 

လက်ရှိယာယီသမ္မတ အပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေ အများစုက အခု ၂၀၂၅ ခုနှစ်မှာ တော်လှန်ရေး အစိုးရဆိုတဲ့အတိုင်း စစ်အာဏာရှင်ဖြုတ်ချရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ နှစ်သစ်ကူးမိန့်ခွန်းတွေမှာ အသီးသီးပြောကြားထားကြပါတယ်။

လက်ရှိ NUG အစိုးရအဖွဲ့ဝင်တွေကို လိုအပ်ရင်လိုအပ်သလို ဦးစားပေး အပြောင်းအလဲ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားထားပါတယ်။

ဒါ့အပြင် NUG ရဲ့ ယာယီသမ္မတကိုယ်တိုင်ကလည်း အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အဝေးရောက် အစိုးရမဖြစ်စေဖို့၊ ပြည်တွင်းကို လာရောက်အင်အားစုဝေးကြဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်သစ်မှာ နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းပြောကြားခဲ့ပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ၂၀၂၅ နှစ်သစ်မှာ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကွင်းဆင်းသွားရောက်ကာ အားပေးတွေ့ဆုံမှုတွေလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ပြန်လည်အခြေကျနေတဲ့ ဝက်ပုတ်ရွာကို စစ်အုပ်စု အငြိုးနဲ့မီးဝင်ရှို့လို့ နေအိမ် ၁၅ လုံး မီးလောင်ပြီး ဒေသခံထောင်နဲ့ချီ ရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

တောင်ကုတ်မှာ AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မိုင်းအန္တရာယ်ကင်းစင်ရေး လုပ်ငန်းများ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုင်းအန္တရာယ် ကင်းစင်ရေးလုပ်ငန်းတွေကို ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

ဆားလင်းကြီး၊ ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု လူမျိုးရေး မုန်းတီးလှုံ့ဆော်နေသည်ဟု တော်လှန်ရေးအသိုင်းအဝိုင်း သတိပေး

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။