ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအကြားမှာရှိပြီး ငသိုင်းချောင်းမြို့ အနောက်ဖက်မှာရှိတဲ့ မိတ်သလင်အကျော် ကရင်မတောင်ကြောပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေနတ်ထိမှန် သေဆုံးသွားကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရခိုင်ဘက်ကနေ ဧရာဝတီတိုင်းထဲ ဝင်လို့ရနိုင်တဲ့ လမ်းကြောတွေမှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းဝပ်တာတွေ၊ ကင်းလှည့်တာတွေနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး ငသိုင်းချောင်းနဲ့ ၇မိုင်လောက်သာ ကွာဝေးတဲ့ ကရင်မ တောင်ကြောမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။

“ဇန်နဝါရီလ ၆ရက်နေ့ ညဘက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့ စစ်ကြောင်းနဲ့ AA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ” လို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက် မောင်းကိုပြောပါတယ်။

“အရပ်သားတွေလည်းပါတယ်။ ရဲ၊ ပြည်သူ့စစ်တွေလည်းပါတယ်။ စစ်တပ်ကတော့ စစ်ကြောင်းပုံစံဆိုပေမယ့် အင်အားအလုံအလောက်မရှိဘူး။ ရခိုင်ပြည်နယ်ဘက်ကနေ နယ်မြေရှင်းလင်းရေး တိုးချဲ့လုပ်ဆောင်လာနေတဲ့ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ။တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၄ဦး သေဆုံးသွားတယ်” လို့လည်း အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲကို AA တပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လာမှာကို ကြောက်လန့်ကာ ရခိုင်ဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဖမ်းဆီးစစ်ဆေး မောင်းထုတ်မှုတွေ လုပ်နေတဲ့အပြင် မြို့နယ်တချို့မှာ အရေးပေါ် လေယာဉ်ကွင်း ဖောက်လုပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရပ်စောက်မြို့နယ် ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၅၀)ကျော်‌ သေ၊ လက်နက်တွေ ရရှိကြောင်း DPLA ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်က (၅၀) ကျော်‌ ‌သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဗိုလ်မှူးကြီး အောင်ဆန်းလွင် အပါအဝင် စစ်အရာရှိကြီး ၅ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး ကျပ်ငွေ သိန်း ၄သောင်းကျော် သိမ်းဆည်းနိုင်တယ်လို့ သိရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က စစ်ဦးစီးအရာရှိ အဆင့်တွေကို အကျင့်ပျက်ခြစားမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေရာမှာ မြန်မာငွေ ကျပ်သိန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

တိုင်းရင်းသားအရေး၊ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ရေးယူ တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ကောင်းယူတိုက်ခိုက်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လို့ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၄ ယောက် သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။