ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အိမ်က လူဟာ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုက ဖြစ်ပြီး သေဆုံးသူ အမျိုးသားရဲ့ လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ ခွင်းဗုံးအမျိုးအစားကနေ ထပေါက်တာ ဖြစ်နိုင်ကြောင်း သိရပါတယ်။

“သေဆုံးသူကတော့ နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကိုမင်းသားကြီးပါ။ ဇနီးနဲ့အတူ အိမ်မှာရှိနေစဥ် ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး ဗုံးစမှန်ကာ လင်မယား၂ယောက်လုံး သေဆုံးခဲ့တာ” လို့ အမှတ်၅ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်က မောင်းကို ပြောပါတယ်။

“ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အိမ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါ အတူရှိခဲ့တယ်၊ အမျိုးသမီးမှာလည်း သတိလစ်မေ့မြောခဲ့ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံကြီးမှာ သွားပြီး ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့တယ်” လို့လည်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

မြဝတီမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ အများအပြား ရှိနေပြီး သူတို့ကိုင်ဆောင်ရာ လက်နက်ခဲယမ်းတွေကို နေအိမ်တွေမှာ ယူဆောင်ထားလေ့ရှိသလို မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွါးလေ့ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့မှာ တပ်ချိန်းရန် ရဟတ်ယာဉ်ဖြင့် လာသည့် စစ်ကောင်စီတပ်ကို ဒရုန်း ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရဟတ်ယာဥ်နဲ့ တပ်ချိန်းဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ရဟတ်ယာဥ် ဆင်းသက်ချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ် ၄၅ ၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို စစ်ဥပဒေဆိုင်ရာ ပညာရပ်များ ဆွေးနွေးပို့ချ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေ ပစ်ခတ်ရှင်းလင်းခံရ​.. အထိနာထားတဲ့ စစ်အုပ်စုက ရွာ၃ရွာကို ပိတ်ဆို့ပြီး အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ..

ရှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးတွေ ဆက်တိုက်ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီက ကျေးရွာ ၃ရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

ဝါဒဖြန့်ရန် ခပ်မြန်မြန် ဓာတ်ပုံရိုက်ရင်း အကြမ်းဖက်စစ်သားများ ခပ်မြန်မြန်ပဲ သေဆုံးသွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ စစ်တိုက်တုန်းက မသေခဲ့တဲ့ အကြမ်းဖက်စစ်သားတွေ ဝါဒဖြန့်ဖို့ အုပ်စုလိုက် ဓာတ်ပုံရိုက်နေရင်း ရခိုင့်တပ်တော် AA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အစုလိုက်အပြုံလိုက် သေသွားခဲ့ပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲနေ့ကို  ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA သတ်မှတ်

MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။