ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။

ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေမှာ မျက်နီကွင်း၊ ကြူအင်း၊ သရက်ကုန်း၊ နှောခင်၊ ဂရမ်မတီး၊ ထန်းကုန်း၊ ဝက်ကုန်းကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ (၂၆)ရက်က စတင်ပြီး ဒီဇင်ဘာလ (၃၁) ရက်အထိ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေ၊ မိုင်းတွေနဲ့ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် (၁) ယောက် ကျဆုံးခဲ့ရသလို (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ၏ ရုပ်သံမှတ်တမ်းမှ)

အဲ့ဒီတိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အမှတ်(၃၅၀၂) တပ်ရင်း စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ် (၃) တပ်ရင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့(၃)၊ အုတ်တွင်းမြို့နယ် ပကဖ၊ ဖြူးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ်(၄၃၀၂)တပ်ရင်း၊ နတ်မောက်မြို့နယ် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဇရပ်ကြီးမြို့ အခြေစိုက် ခလရ(၇၃)၊ အုတ်ဖြတ်၊ ကန်ကလေးကျေးရွာတွေက ဟောင်ဝစ်ဇာ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁၁) ယောက် သေဆုံးခဲ့ပြီး (၁၂)‌ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးရဲဘော်တွေ ကိုင်ဆောင်လေ့ရှိတဲ့ သေနတ်တွေ၊ ယူနီဖောင်းတွေ ဝတ်ဆင်ကာ ပြည်သူနေအိမ်တွေက ပစ္စည်းတွေ ခိုးယူခြင်း၊ ပြည်သူတွေကို ရိုက်နှက် နှိပ်စက်ခြင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

မုံရွာမှာ စစ်တပ်တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ဆီက သိရပါတယ်။
Read More

မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ…

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။