တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းမှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိတွေ့ တိုက်ပွဲဟာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေက စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သလို MAကျည်ပေါက် ၄ ခု ၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်နဲ့ အီကွေးမန့် ၁ စုံ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို တော်လှန်ရေးရဲဘော် ၃ ယောက်ကလည်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒူရက စစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့နဲ့ (D.E.F-PDF) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မိတ်ဖက် SSPP နယ်မြေတွင်လည်း ကျားဖြန့်များ ဖမ်းမိလာ

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နယ်မြေ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းမိတာတွေ ရှိခဲ့သလို စစ်တပ်နဲ့ မိတ်ဖက်ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော်-SSPP/SSA ထိန်းချုပ်ရာ နယ်မြေထဲမှာလည်း ကျားဖြန့်လုပ်ဆောင်သူတွေကို ဖမ်းဆီးရမိတာမျိုးတွေ ရှိလာတယ်လို့ သိရပါတယ်။
Read More

ပျူစောထီးရွာက နှမ်းတွေသယ်ဆောင်လာတဲ့ ကားနှစ်စီးကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးနိုင်ခဲ့

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကနေ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်းခံခဲ့ရတဲ့ တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း (P2-3702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

SSPP/SSA ဗဟိုဌာနချုပ်မှ ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုကနေ ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။