မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ရေးသတိပေးချက် ထုတ်ပြန်ထားတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုအထိုင်ချတပ်စွဲရာ မြို့ပေါ်နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်၊  မနက်အစောပိုင်းကစလို့ နေ့လယ်ပိုင်းအထိ ထီးလင်းမြို့ပေါ်က စစ်အုပ်စုရှိရာနေရာတွေကို ရော့ကတ် ၅၉ လုံး အပါအဝင် ဒရုန်းတွေ၊ ၆၀ မမတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်း ထီးလင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မှာ ဖြစ်တာကြောင့် ၂၀၂၄၊ ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ဆုံးထားပြီီး အရပ်သားတွေ လွတ်မြောက်နယ်မြေဆီ ထွက်ပြေးခိုလှုံဖို့နဲ့ စစ်ကောင်စီဘက်တော်သားတွေအလင်းဝင်ရောက်လာဖို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ အသိပေးစာ ထုတ်ပြန်ခဲ့​ပါတယ်။

စစ်ရေးအထူးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ၁ လပြည့်တဲ့အချိန်မှာ အခုလို စတင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့များ (ဓာတ်ပုံ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့များ (ဓာတ်ပုံ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

“မြို့ထဲရှိနေတဲ့ အများစုက စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့သူတွေ ဖြစ်နေတာရယ် စစ်ကောင်စီရဲ့ ဝန်ထမ်းယန္တရားလည်ပတ်အောင် လုပ်ဆောင်နေသူတွေပါ။ သတိပေးချက်အတိုင်း ရှောင်လာတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ စကစဘက်တော်သားတွေကိုတော့ ပြည်သူ့ရင်ခွင်ဆက်သွယ်ပြီး အလင်းမဝင်ရင်တော့ လုပ်စရာရှိတာ ကျနော်တို့ဆက်လုပ်မှာပါ။ ထိခိုက်မှုတွေကတော့ စုံစမ်းဆဲပါ” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့အတူ ဂန့်​ဂေါခရိုင်တပ်ရင်း ၂၊ ၄ ၊ ၁၀ ၊ ၁၅၊ ၁၆၊ ၁၇ ၊ ၁၈ နဲ့ ခရိုင်ပကဖ ၊ မြို့နယ် ပလဖ ၊ ယောဧရာကပစ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ထီးလင်းမြို့ပေါ်က စစ်အုပ်စုရှိရာနေရာတွေ (ဓာတ်ပုံ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့များ (ဓာတ်ပုံ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့များ (ဓာတ်ပုံ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

“ကျနော်တို့စာထုတ်ပြီး အလင်းဝင်လာတဲ့ စစ်အုပ်စုအဖွဲ့ဝင် ၁ယောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် ရဲတွေ ထွက်ချင်တာတော့ ရှိတယ်။ လက်နက်မပါဘဲ မထွက်ရဲဘဲ ဖြစ်နေကြတာ။ စစ်ခွေးတွေက ရဲတွေကို တာဝန်ချိန်ကလွဲလို့ လက်နက်ကိုင်ဆောင်ခွင့်ပေးမထားဘူးလို့လည်း သိရတယ်။ သူတို့ အချင်းချင်းလည်း ယုံကြည်မှုတွေ ပျက်ပြားနေကြောင်း သိရပါတယ်” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက ရွှေထီးခန်းမအပါအဝင် ထီးလင်းမြို့ပေါ်မှာရှိတဲ့ မြို့နယ်ထွေအုပ်ရုံး၊ စိုက်ပျိုးရေးရုံး၊ စိုက်ပျိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့အရှေ့ဖက် ရုပ်/သံ ကုန်း၊ ရဲစခန်းဝင်း၊ အမှတ် ၁ ရပ်ကွက်၊  စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစတဲ့ နေရာတွေအနီးအနားကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ မော်ဖို့းကေစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ယမ်းသိုလှောင်ရာ နေရာများကို စစ်ကောင်စီ အဓိကထား တိုက်ခိုက်လာ၊ ဖားကန့်ရှိ ယမ်းသိုလှောင်ရာနေအိမ်ကို စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့လို့ ကား ၃ စီးနှင့် နေအိမ် မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက ယမ်းသိုလှောင်ရာနေရာကို စစ်အုပ်စုက ဇွန်လ ၉ ရက် မနက် ၁ နာရီလောက်မှာ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာဟာ ခရီးကြမ်းကြီးကို လျှောက်လှမ်းနေရဆဲဖြစ်တယ်ဆိုတာ သတိပေးနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံကမ်ပိန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။