ရန်ကုန်တိုင်၊  ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် မနေ့ ညနေပိုင်းက အမျိုးသား ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အသက် (၅၀) အရွယ်ရှိပြီး ပစ်ခတ်မှုအတွင်း သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ ထိုနေ့က ဘေးလွယ်အိတ် လွယ်ထားခဲ့ပြီး ၄င်းဘေးလွယ်အိတ်ထဲမှ ဦးအောင်ရှိန်အမည်ပါ AYA ဘဏ်စာအုပ်တွေ့ရတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီကဂရမ်တွေမှာ ရေးသားခဲ့ကြပါတယ်

ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီက ဗားကရာလမ်းနဲ့ ကမ်းနားလမ်းကို ပိတ်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်းငလျင်လှုပ်ခတ်စဉ် မဟာမုနိဘုရားကြီး CCTV မှတ်တမ်း

မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ ငလျင်လှုပ်ခတ်မှုအတွင်း မြင်တွေ့ရတဲ့ CCTV မှတ်တမ်းရုပ်သံဟာ ဒီနေ့ ဧပြီ ၇ ရက်မှာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့လာပါတယ်။
Read More

ပလိုင်း‌ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို ၅ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ပလိုင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။