မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနက  ဓာတ်အားလျှော့ချ ဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးဖို့ ဇန်နဝါရီ ၆ ရက်စွဲနဲ့ ပန်ကြားချက် ထုတ်ပြန်လိုက်ပြီး ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရမှုကို ဘဘာ၀ဘေးကြောင့် မပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဓိက အကြောင်းပြ ပြောဆိုလိုက်ပါတယ်။ 

“လျှပ်စစ်စွမ်းအားဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့“ ဆိုတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးကို လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူပေးနိုင်ခဲ့ခြင်း မရှိခဲ့မှုအပေါ် နှစ်စဉ် အကြောင်းအမျိုးမျိုးပြ ထုတ်ပြန်လာခဲ့တာပါ။

ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတာအပြင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့နည်းနေတာဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်း သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတဲ့အတွက် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အား ပိတ်ထိန်းသိမ်းပြုပြင်မှုတွေ ဆောင်ရွက်နေရတာကြောင့် ဓာတ်အားထုတ်လုပ်မှုတွေ လျော့နည်းနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်အပါအဝင် မြို့ကြီးတွေဟာ နွေရာသီမရောက်ခင်မှာပင် တစ်ရက်ကို ၄ နာရီလောက်သာ လျှပ်စစ်မီးရရှိတော့ပြီး မြို့ပြနေပြည်သူတချို့ လျှပ်စစ်မီးလုံလောက်စွာ မရရှိတဲ့ဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို ၁၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲဝေပေးနေရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေတဲ့အတွက် အခုကာလမှာ တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှုရဲ့ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်အတွင်း ရန်ကုန်ကို မဂ္ဂါဝပ်ကြီးမားစွာ လျှပ်စစ်ထုတ်လုပ်ပေးနေတဲ့  V-Power ကုမ္ပဏီရဲ့ ဓာတ်အားပေးသင်္ဘောကြီး ပြန်လည်ထွက်ခွာသွားမှုအပါအဝင် သီလဝါ၊ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတို့က LNG လို့ခေါ်တဲ့ သဘာ၀ဓာတ်ငွေ့ စက်ရုံတွေ မလည်ပတ်နိုင်ခြင်းတို့ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားရရှိရေးကို ရေအားလျှပ်စစ်ကနေသာ အများဆုံးရယူနေရပြီး အခြားသောနည်းလမ်းတွေနဲ့ အစားထိုးရယူဖြေရှင်းဖို့အတွက်လည်း စစ်အသုံးစရိတ်ကိုသာ တိုးမြှင့်နေတာကြောင့် ဘတ်ဂျတ်လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

LNG ဂတ်(စ်)နဲ့ မောင်းနှင်လည်ပတ်နေတဲ့ ပုဂ္ဂလိကဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီက ဂတ်(စ်)တန်ဖိုးရဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်စျေးနဲ့သာ သတ်မှတ်ပေးတာကြောင့် တွက်ခြေမကိုက်ဘဲ ယခင် NLD အစိုးရလက်ထက်က ကုမ္ပဏီအများစုက ဆက်လက်မလုပ်ကိုင်ဘဲ ရပ်ဆိုင်းမှုတွေလည်း ရှိခဲ့တာပါ။

(ဓာတ်ပုံ AFP)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဝန်ကြီးဌာနရဲ့ အထက်ပိုင်းရာထူးတွေကို စစ်တပ်က မိုးကျရွှေကိုယ်တွေ အများစုရောက်ရှိလာပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ နေရာမရတော့တဲ့ အခြေအနေတွေကြောင့်လည်း တစ်နိုင်ငံလုံးကို စနစ်တကျ လျှပ်စစ်မီးမပေးနိုင်တော့တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်  စက်တင်ဘာ ၅ ရက်နေ့မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ “အမှောင်ထုမှ မြန်မာ့စွမ်းအင်ကဏ္ဍ စိန်ခေါ်မှုများ” အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကစတင်ပြီးလျှပ်စစ်ဓာတ်အားကဏ္ဍ ကျဆင်းလာကာ နိုင်ငံတဝန်းက စက်မှုဇုန်တွေမှာ ဓာတ်အားမလုံလောက်ခြင်းနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းတွေကို ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးနိုင်တော့ပြီး လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပြတ်တောက်ရတဲ့ အကြောင်းအရင်းဟာ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းနဲ့ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် ဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

အပြန်အလှန်ထိုးစစ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲ မန္တလေးအနီးက မတ္တရာ

မန္တလေး PDF ကစိုးမိုးထိန်းချုပ်ထားတဲ့ မတ္တရာ အနောက်မြောက်ခြမ်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ လက်ရှိအချိန်မှာ ပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။