ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးသိန်းသန်းဌေးဟာ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က PDF ရဲဘော်တစ်ယောက်ရဲ့  ဖခင်ဖြစ်သူလို့ ကနဦးသိရပြီး သူတို့ ၄ယောက်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သူ ဦးသိန်းသန်းဌေး
စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သူ ဦးသိန်းသန်းဌေး

“လယ်ထဲမှာ အလုပ်လုပ်နေတာကို အုတ်ဖို စရဖ က တိုက်ရိုက် လာခေါ်သွားတာ၊ အုတ်ဖိုမြို့မရဲတပ်ဖွဲ့ကပါ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက အုတ်ဖိုမြို့နယ်၊ ခြောက်တင်းကွင်း ဆက်သွယ်ရေးလမ်းပိုင်း တစ်နေရာမှာ လက်ကို ဝါးကြောနှီးနဲ့ လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းကို ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ရဲဘော်ရဲ့ ပုံကိုပြပြီးတော့ မေးပြီး ရိုက်တာ… အဲ့ဒါနဲ့ သူသိထားတဲ့ မိုင်းကွင်းကိုလည်း လိုက်ပြလိုက်ရတယ်…အဲ့က အပြန်မှာ သတ်ခံရတာ” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်တွင် ဧည့်စာရင်းလိုက်စစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဖောက်ခွဲ ခြိမ်းခြောက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံမှာ ဧည့်စာရင်းလိုက်စစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ​မိုင်းဖောက်ခွဲပြီး ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူတွင် အကြမ်းဖက်စစ်တပ် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကံရပ်ကြီးကျေးရွာ မီးလောင်ပြာကျ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အင်အားအများအပြားသုံးပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မြို့နဲ့ ၁၀မိုင်အကွာ ကံရပ်ကြီးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်အကျဉ်းသား (၁၁၀) ဦးကို NUG လွတ်ငြိမ်းသက်သာခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမယ အထိန်းအမှတ်အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၁၀ ယောက်ကို  ခြွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။