ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ရက္ခိုင့်တပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အနောက်ရဲဒုက္ခသည်စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ULA/AA ရဲ့ ဒေသခံဆိုင်ရာ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၄ ရက်မှာ သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာအထောက်အပံ့ အဓိက လိုအပ်နေတဲ့ အိမ်ထောင်စု ၁၄၀ ကို ရွေးချယ်ပြီး စတင်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်မှာ အနောက်ရဲစခန်းအပါအဝင် မွတ်ဆလင်ဒုက္ခသည်စခန်း ၅ ခုထက်မနည်းရှိပြီး စခန်းအားလုံးမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

HDCO အနေနဲ့ အခုလို ထောက်ပံ့ပေးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်ဆောင်ရွက်ပေးနိုင်ရင် ပြည်သူလူထုအတွက် များစွာအထောက်အကူပြုမှာဖြစ်တာကြောင့် ပြည်သူလူထု လိုအပ်နေတဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ လူသားချင်းစာနာထောက်ပံ့ရေးအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခရီးသည်တင်ယာဥ်ပေါ်မှ ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူ ၃ ဦးကို စစ်ကော်မရှင် ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန် − စလင်း − ဆင်ဖြူကျွန်းဘက်ကို ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူ ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

သံမဏိစက်ရုံအတွင်း နှစ်သစ်ကူး သောက်စားနေတဲ့ စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၃) သံမဏိစက်ရုံအတွင်း မနေ့က နှစ်သစ်ကူးည မူးယစ်သောက်စားနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) မြို့ပြပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

အုပ်ချုပ်ရေးမှူးကို ဝင်ရှင်းရင်း သားဖြစ်သူကပါ သေနတ်လုလို့ ၂ ယောက်လုံး ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
Read More

စစ်ကောင်စီက ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ကျော် ပြုလုပ်ခဲ့

စစ်ကောင်စီဟာ ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ကအများဆုံးဖြစ်ခဲ့တယ်လို့ Blood Money Campaign က အသိပေးထုတ်ပြန်ပါတယ်။