ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂) ရက် ညနေပိုင်းက ကွင်းချောင်း၀မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက (၈၁)မမ (၄)လုံး ပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာနဲ့ ဖျံတလင်း ကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့သလို အဲ့ဒီနေ့ညနေမှာပဲ အဲ့ဒီ စစ်တပ်တပ်ရင်းက (၁၂၂)မမ (၁) လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်အနောက်ဘက် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ (၁၅) နှစ်အရွယ် ယောကျ်ားလေးရဲ့ ကျောကုန်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရက်မှာပဲ စဉ့်အိုးလှမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်က ဗိုလ်လေးအဆင့်ရှိသူဟာ တစ်ရွာကိုတစ်တစ်ယောက်နှုန်း စစ်မှုထမ်းဖို့ ပြောဆိုခဲ့ပြီး စစ်မှုမထမ်းရင် တစ်ယောက်ကို မြန်မာငွေ ကျပ်သိန်း(၃၀) ဒဏ်ကြေးပေးဆောင်ရမယ်လို့ လှည်းစုကျေးရွာ၊ ဗောဓိကွင်းကျေးရွာ၊ ဖိုးအိမ်စု ကျေးရွာ၊ သင်္ဃန်းကျောင်းကျေးရွာနဲ့ ဖျံတလင်းကျေးရွာကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ (၃)ရက် နေ့လည်ပိုင်းအချိန်မှာလည်း ကွင်းချောင်း၀ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်တွေက (၁၂၂) မမ (၁)လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ (၂၂) နှစ်အရွယ် မိန်းကလေးရဲ့ တင်ပါးမှာ ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်(၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မူးမြို့နယ်အတွင်းမှာလည်း ဇန်နဝါလ (၃) ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် (၅၀၀) ဗုံးသီး(၄)လုံးကို စောခီကျေးရွာနဲ့ ထီးခို ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာ ရရှိမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မကွေးခရိုင် PDF တပ်ရင်း (၂) ၏ ရဲဘော် ၂ ဦးကို တပ်မှ ထုတ်ပယ်ကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

အရာတော် အထက်တန်းကျောင်းရှေ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထွက်ပြေး၊ ဆိုင်ကယ် ၃ စီး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။