ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နားက ဖြတ်သန်းသွားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ အမ်းမြို့နဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကြားက တောင်ဇောက်တောင် အမြောက်စခန်းကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီလို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

အဲ့ဒီ တောင်ဇောက်တောင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု အများအပြားနဲ့  နောက်ဆုတ်သွားသလို အရှင်ဖမ်းမိသူတွေလည်း ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

AA အနေနဲ့ တောင်ဇောက်တောင်ရွာမှာ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ တောင်ဇောက်တောင်စခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတွေ ဘယ်နှယောက်ရှိသလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တောင်ဇောက်တောင် အမြောက်စခန်းမှာ AA သိမ်းပိုက်လိုက်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နောက်ထပ် အင်အားဖြည့်ထားတဲ့ တပ်ကူတွေ အင်အား ရာဂဏန်းလောက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အမ်းမြို့နယ် တရုတ်ပိုက်လိုင်းရှိရာ တောင်ဇောက်၊ ဆင်ခုံတိုင်ကနေ  ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို လက်နက် ၉ လက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့လည်း ဇန်နဝါရီ ၅ ရက်မှာ CDF – Asho စစ်ဘက်ရေးရာရုံးက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကြောင်းဝင် ဗုံးကြဲ မီးရှို့တဲ့ စစ်ကောင်စီနဲ့ Southern YSO PDF ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း Southern YSO PDF ထံက သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးအပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

ပင်လောင်းမှာ စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)က ဒီနေ့ ထုတ်ပြန်ပါတယ်။