စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ကထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ်၊ အုန်းနှဲဘုတ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား ခုနစ်ဆယ်ခန့်ပါတဲ့ တပ်မ (၃၃) စစ်ကြောင်းကို ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။’

တိုက်ပွဲကြာချိန် ၅ နာရီခန့်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် ဖမ်းဆီးရမိခဲ့ပြီး တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိသလို အဲ့ဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း၊ ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊  တပ်ရင်း၁၈တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့ တပ်ခွဲ(၄)ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့နဲ့ ဒေါင်းစစ်သည်အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ရာ ဒေတွေကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက် သေဆုံးပြီး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတဲ့ အုပ်ကြီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ တိုက်ပွဲဖြစ်ပွားနိုင်တဲ့အနေအထားအထိ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာနေ…

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနားမှာ ထိုင်းစစ်တပ်နဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ဟာ နယ်မြေပြဿနာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတင်းမာဆုံးအခြေအနေရောက်ရှိလာနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ရေစကြိုတောင်ပိုင်း ဗလဘရွာကို စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၊ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၀ရွာ ထက်မနည်းမှ အရပ်သား ၆ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ရေစကြိုတပ်ရင်း စစ်အုပ်စုတွေက မြို့တောင်ပိုင်းကျေးရွာတွေကို ကုန်းကြောင်း လေ​ကြောင်းတွေနဲ့ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ဗလဘရွာကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။