ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေကို ဇန်နဝါရီ ၅ ရက်ကစလို့ အုပ်စု ၃ စု ခွဲကာ ၄ နာရီ လျှပ်စစ်မီးပေးပြီး ၈ နာရီ အလှည့်ကျ မီးပြတ်တဲ့စနစ်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ လျှပ်စစ်မီးပြတ်တောက်မှု နည်းပါးတဲ့ နေပြည်တော်က ၀န်ထမ်းအိမ်ရာတွေနဲ့ လူနေရပ်ကွက်တွေမှာလည်း တစ်ရက်ကို လျှပ်စစ်မီး ၄ နာရီကနေ ၆ နာရီခွဲလောက်အထိ နေရာပေါ် မူတည်ပြီး ပြတ်တောက်မယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဝန်ထမ်းအိမ်ရာတွေကို တစ်ရက် တစ်ကြိမ် ၆ နာရီခွဲကြာ လျှပ်စစ်မီး ဖြတ်တောက်သွားမှာ ဖြစ်ပြီး လူနေရပ်ကွက်တွေကိုတော့ တစ်ရက် နှစ်ကြိမ်နဲ့ တစ်ကြိမ်ကို ၄ နာရီခွဲစီ၊ စုစုပေါင်း ၉ နာရီကြာ မီးဖြတ်တောက်မှာဖြစ်တယ်လို့ သိရပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်များနေတာဟာ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတာ၊ ရေအားလျှပ်စစ် စက်ရုံတွေနဲ့ အပူစွမ်းအင်သုံးစက်ရုံတွေက စွမ်းအားပြည့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှု မရှိတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီက လျှပ်စစ်ဓာတ်အားမပေးနိုင်ခြင်းကို အကြောင်းပြ ပြောဆိုထားပါတယ်။

လက်ရှိမှာ ဓာတ်အားလိုအပ်ချက်က တစ်ရက်ကို မဂ္ဂါဝပ် ၄၄၀၀ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်က လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုဟာ ၁၇၀၀ မဂ္ဂါဝပ်ကျော်လောက်သာ ရှိခဲ့တဲ့အတွက် လိုအပ်ချက်ရဲ့ တစ်ဝက်တောင် ထုတ်လုပ်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

စီးပွား​ရေးမြို့​တော် ရန်ကုန်မှာလည်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး  လျှပ်စစ်မီးပေးတဲ့အချိန်မှာတောင် အပြည့်အဝ မီးပေးနိုင်ခြင်းမရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီ ရွေ့လျားစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ရာ စစ်အုပ်စုက ၄ ယောက်သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ယောက်သေကာ ၈ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ-ရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက် စစ်အာဏာရှင်လက်ထက် ကျောင်းတွင်းအကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာ၊ “ကျမတို့ခေတ်က အဲ့လိုအခြေအနေတွေနဲ့ မကြုံခဲ့ရဘူး။ ကလေးတွေက စရိုက်ကတော့ အစုံရှိကြတယ်။ ဆိုးကြတယ်။ မရိုင်းကြဘူး”

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မတရားအာဏာလု အုပ်ချုပ်နေတဲ့ လက်ရှိအချိန်မှာ  ကျောင်းသားကျောင်းသူအချင်းချင်း အကြမ်းဖက်မှုတွေ ပိုမိုကျယ်ပြန်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။