ချင်းပြည်နယ် မင်းတပ်မြို့က ဆောက်လုပ်ရေးဝန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန) က ထုတ်ပြန်လိုက်ပါတယ်။

ရုပ်သံဖိုင်အတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းမျိုးစုံကို အများအပြား သိမ်းဆည်းရရှိခဲ့တာ တွေ့ရပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA) က လက်နက်ခဲယမ်း၊ စစ်ကူ၊ စစ်ရေးဆိုင်ရာအကြံဉာဏ်တွေအပါအဝင် လိုအပ်တဲ့ အကူအညီတွေကို ပံ့ပိုးပေးခဲ့ပြီး ချင်းညီနောင်၊ YDF၊ YA၊ PDF မုံရွာခရိုင် တပ်ရင်း (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ ဒီဇင်ဘာလ ၂၁ ရက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်တစ်စု ဝင်ရောက်ဓားပြတိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီ ၇ ရက် မနေ့က လက်နက်ကိုင်အမျိုးသား ၄ ယောက်ဝင်ရောက်လာကာ ဓားပြတိုက်မှု ဖြစ်ပွားသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည် လမ်းမမှာ ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-ပြည်လမ်းမပေါ်  မိုင်တိုင် အမှတ် (၁၇၇/၁) မှာ ဇန်နဝါ ရီ ၂၇ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။
Read More

တန့်ဆည်မြို့ လယ်မရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် လယ်မရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၃ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။