ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပေးထားတဲ့ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှာ ပါဝင်တဲ့  ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရကို အာဏာလွှဲပေးမယ်လို့ မင်းအောင်လှိုင်က ဇန်နဝါရီ  

၄ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီလို ပြည်သူတွေထောက်ခံအားပေးတဲ့ နိုင်ငံရေးပါတီအချို့ကို စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် မပြုထားသေးပါဘူး။

စစ်ကောင်စီဟာ ၂၀၂၅ မှာ ရွေးကောက်ပွဲပြုလုပ်ပြီး ပြည်သူလူထု ထောက်ခံမှုအားကောင်းတဲ့ ပါတီတွေကို ယှဉ်ပြိုင်ခွင့် မပေးဘဲ သူတို့နဲ့ ဆက်နွယ်နေတဲ့ ကြံ့ခိုင်ရေးလို နိုင်ငံရေးပါတီတွေသာ အနိုင်ရအောင် လုပ်ဆောင်သွားမယ့် သဘောလည်းဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားက ထောက်ခံထားပြီး နိုင်ငံတကာက လက်မခံတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ စစ်ကောင်စီနဲ့ အနီးစပ်ဆုံး နိုင်ငံရေးပါတီတွေကသာ အနိုင်ရသွားမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၀၀ ကျော်လောက်မှာသာ ရွေးကောက်ပွဲ ကျင်းပခွင့်ရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကောက်ခံခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းကို အခြေပြုကာ မဲစာရင်းပြုလုပ်ပြီး ရွေးကောက်ပွဲကိုကျင်းပမယ်လို့ ဆိုထားပါတယ်။

ရာနှုန်းပြည့် မှန်ကန်ခြင်းမရှိတဲ့ သန်းခေါင်စာရင်းကိုအခြေပြုကာ ၂၀၂၅ မှာရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုတဲ့ စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်မှုမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံ့ခေါင်းဆောင်တွေကို ဥပဒေမဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့နီးကပ်လာလေလေ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို မကြာခဏ ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းလျက်ရှိပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေကျူးလွန်ထားပြီး ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လူထု အစိုးရကို ဖမ်းဆီးထိန်းသိမ်းထားသရွေ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လုံး၀မရှိဘူးလို့ ပြောကြားထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA,TNLA နဲ့ AA တို့ကတော့ တရုတ်နိုင်ငံရဲ့ ဖိအားတချို့ကြောင့် နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အသီးသီး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိတဲ့ စစ်ကောင်စီဟာ လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲအကြောင်းပြပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ဆောင်သွားနိုင်တာကြောင့် ပြည်သူတွေအားလုံး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းတောင်းဆိုထားကြပါတယ်။

0 Shares:
You May Also Like
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။ 
Read More

အမ်းမြို့နယ်က အကြမ်းဖက်စစ်တပ် တပ်ရင်းအားလုံးနီးပါးကို AAသိမ်းပိုက်ထားပြီး နပခ ကိုထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။