မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။

စလင်းမြို့အနီးက စလင်း-‌ဆင်ဖြူကျွန်းကားလမ်းပိုင်းမှာ ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ စလင်းမြို့နယ် ပကဖ အနေနဲ့ စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စလင်းမြို့နေ ပြည်သူတွေအနေနဲ့လည်း စလင်း ပကဖ ရဲ့ စစ်ရေးလုံခြုံ‌ရေးအရ အချိန်နဲ့တပြေးညီ ထုတ်ပြန် ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးဖို့ကိုလည်း စလင်းမြို့နယ် ပကဖ က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီဟာ ကျားဖြန့်နဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ကူညီအားပေးနေလို့ နိုင်ငံတကာက တိုက်ရိုက်အရေးယူပေးဖို့ Justice For Myanmar က တောင်းဆို

စစ်ကောင်စီဟာ ဒေသတွင်းမှာ အားကောင်းလာတဲ့ ဆိုင်ဘာငွေလိမ်ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုများကို အဓိက အားပေးကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ…

သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူတွင် ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၁၇၀၀ နီးပါး တိမ်းရှောင်နေရ

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန - ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။