မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာ ၊ အမှတ် ၁၂၂၂ တပ်ရင်းကတစ်ဆင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့တယ်လို့ TRI ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁ ရက်မှာ စဉ့်ကူးမြို့နယ်က တော်လှန်ပညာရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ပြည်သူတွေက TRI ဗျူဟာကတစ်ဆင့် စဉ့်ကူးမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို Starlinkစက်တစ်လုံး၊ ရုံးအသုံးအဆောင်ပစ္စည်းတွေ၊ (A4 paper တွေ၊ File Case တွေ )၊ ကျောင်းအလိုက်အသုံးအဆောင်ပစ္စည်းတွေအပြင် ငွေသားကျပ် သိန်းတစ်ရာ ကို ကူညီလှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

TRI ဗျူဟာ အနေနဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ “ပြည်သူမှ ပြည်သူသို့” အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

TRI ဗျူဟာရဲ့ ပြည်သူ့ဆက်ဆံရေးဌာနအနေနဲ့ ဝေမျှပေးဖို့ ပိုလျှံနေတဲ့ ပြည်သူနဲ့ လိုအပ်‌နေတဲ့ပြည်သူကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေးနေသလို ပညာရေးလုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ အစဉ်ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။