ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ပင်သာ၊ ရွှေညောင်ပင်၊ ဇီးဖြူပင်၊ စခန်းကြီးနဲ့ ကျုံတာရွာတို့မှာ အကြမ်းဖက်စစ်သားတချို့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကာ လုံခြုံရေးအတွက်ဆိုပြီး ဒေသခံတွေကို နေ့ရောညပါ ကင်းစောင့်ခိုင်းနေတယ်လို့ သိရပါတယ်။

“ကုန်ဈေးနှုန်းတွေက အဆမတန်ကြီးမြင့်နေပြီး အလုပ်အကိုင်ရှားပါးလို့ စားဝတ်နေရေး ခက်ခဲနေရတဲ့ကြားထဲမှာ အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေပါ ခံနေရတယ်။ နဝတ နအဖ ခေတ် ပြန်ရောက်နေသလို ဖြစ်နေပြီ” လို့ အမည်မဖော်လိုတဲ့ ကျုံတာကျေးရွာနေထိုင်သူ အမျိုးသားတစ်ယောက်က ပြောပါတယ်။

“အခုက စစ်မှုထမ်းဥပဒေပြဌာန်းပြီး စစ်မှုထမ်းထောက်ပံ့ကြေးကထည့်ရ။ နောက် ကင်းပါစောင့်နေရတာဆိုတော့ အတော်လေးကို ဒုက္ခရောက်နေကြရပြီ” လို့ ရွှေညောင်ပင်ကျေးရွာက အမျိုးသမီးတစ်ယောက်ကလည်း ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ကျေးရွာတွေကို လုံခြုံရေးပေးရမယ့်အစား ဒေသခံတွေကို သေနတ်အားကိုးနဲ့ ခြိမ်းခြောက် ကင်းစောင့်ခိုင်းကာ သူတို့ကိုယ်တိုင်ကတော့ မူးရူးသောက်စားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲရာ ဒေသခံအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန် မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်လာသလို ပိုပြီးပြင်းထန်လာဖို့ရှိနေ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကုန်မြို့ပြစစ်ဆင်ရေးတွေ ခပ်စိပ်စိပ်ပြန်ပေါ်လာသလို ဒီထက်ပိုပြီး အရှိန်မြှင့်သွားမယ်လို့လည်း  ရန်ကုန်ပြောက်ကျားတပ်ဖွဲ့တွေဆီက သိရပါတယ်။