ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ တောင်ကုတ်-ဥသျှစ်ပင်လမ်းပိုင်း ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ တောင်ပုံကြီးတပ်စခန်းကို  ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီဟာ ပန်းတောင်းမြို့နယ်ထဲက ပကစ စခန်းတွေဖြစ်တဲ့ ပုသိမ်-မုံရွာလမ်းမကြီး အနောက်ဘက်ခြမ်းက ကပစ-၆ (ညောင်ခြေထောက်)၊ ကပစ-၉ (ကျောက်ဖူး)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်) နဲ့ ပြည်မြို့တစ်ဖက်ကမ်းက ကပစ-၃ (ဆင်တဲ) စတဲ့ တပ်တွေကနေ စစ်သည်အင်အားအများအပြား ထုတ်နုတ်ပြီး ရခိုင်ရိုးမပေါ်ကို စစ်ကူဖြည့်ပေးနေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ပြောပါတယ်။

“အခုက ရခိုင်ရိုးမအစပ် ညောင်ကျိုးမှာ ခံစစ်ပြင်နေတယ်…အဲ့အတွက် ဒကစ(ပြည်) အောက်က တပ်တွေကနေ အင်အားထုတ်ပြီး တပ်ပေါင်းစုအင်အားဖြည့် ပို့နေတယ်ဟု သိရပါတယ်” လို့ ပြည်သူ့ပန်းတိုင် အဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါဟာ AA တပ်သားတွေ ရိုးမအစပ်ကို ဆင်းလာ မလားဆိုပြီး စစ်ကောင်စီက ကြောက်လန့်နေတာ သိသာထင်ရှားတယ်လို့ သူကဆိုပါတယ်။

အခုလို စစ်အင်အားအများအပြား ရှေ့တန်းပို့ခံလိုက်ရတာကြောင့် လက်နက်ထုတ်လုပ်ရေးကို လက်ကျန် စစ်သားတွေနဲ့ ဝန်ထမ်းတွေက အချိန်ပိုဆင်းကာ လုပ်ဆောင်နေရပြီး စစ်တပ်လုံခြုံရေးကိုတောင် အင်အားပြည့် မစောင့်ရှောက်နိုင်တဲ့ အခြေအနေလို့ သိရပါတယ်။

“လက်ရုံးတပ်တွေ…အထူးသဖြင့် ကပစလို စက်ရုံတွေကနေပါ အင်အားတွေ ထုတ်နှုတ် စေလွှတ်နေရတာဟာ အခြေအနေ ကသောင်းကနင်းဖြစ်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်…စကစ ရဲ့ ချိနဲ့ ဖရိုဖရဲ အနေအထားကို ပြသနေတာပါ” လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစစက်ရုံတွေဟာ စစ်ကောင်စီတပ်အတွက် လေယာဉ်ဗုံး၊ မော်တာဗုံး၊ လက်နက်ငယ်ကျည် နဲ့ ယမ်းတွေကို အဓိကထုတ်လုပ်ပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။