ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း‌ဗျူဟာစခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၊ ခလရ ၂ ဗျူဟာမှူး ဦးစီးနဲ့ အင်အား ၁၅၀ ကျော်ရှိ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ဖို့ အမှတ် (၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းကနေ ၁၅၅ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပြီး Jet Fighter ၂ စီးနဲ့  ၄ ကြိမ်၊ Y 12 လေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချခဲ့သလို  ဗျူဟာစခန်းအတွင်းကနေလည်း ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဇန်နဝါရီ ၂ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်နေ့လုံးတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃၄ ယောက်သေကာ ၅၀ ဝန်းကျင်ဒဏ်ရာရခဲ့သလို လက်နက်ကြီးငယ် ၁၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ အနန်းကွင်း‌ဗျူဟာစခန်းမှာ အကြမ်းဖက်စစ်သား ၂၀၀ ကျော်ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲဘော်များ အမေ့အား လွမ်းဆွတ်မှု (ရုပ်/သံ)

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းသားရဲဘော် တွေ သီချင်းဆိုထားတဲ့ ထူးအိမ်သင်ရဲ့ မေမေနေကောင်းလား သီချင်းကို Yenanthar Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြဝတီမြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းကုန်းကို နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စစ်‌ကောင်စီရဲ့ ဘုရင့်နောင်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Read More

မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မီတာ ၅၀ အကွာအထိ အနီးကပ်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်အတွက် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန်ချိုးကာ အောင်မြင်ခဲ့သည်ဟု ကိုထိန်လင်း ပြော (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။
Read More

ပျူစခန်းအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်တပ်အမြန်ရေယာဉ် ၂ စီးကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမကနေ အောက်ဘက်သို့ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် အမြန်ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Chindwindy-namite က ထုတ်ပြန်လိုက်ပါတယ်။