ဇန်နဝါရီ ၅ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား များစွာ သေဆုံးခဲ့ပါတယ်။ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်ထွက်သွားအောင် တိုက်ခိုက်ခံရသလို စစ်သား ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က ဝက်လက်မြို့နယ် အရှေ့ခြမ်း မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားအရောက် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ မနက်ပိုင်းကနေ ညနေအထိ ဖြစ်ပွါးခဲ့တဲ့ ဒီတိုက်ပွဲမှာ ၇၇ယောက်ပါ စစ်တပ်စစ်ကြောင်းဟာ ၇၀ ကျော် သေဆုံးခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးနီးပါး ကုန်သွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နဲ့ ဝက်လက်တိုက်နယ် ၂ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

မနေ့က တစ်ရက်တည်းမှာတင်ပဲ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 

အင်အား ၇၀ ခန့်ပါ တပ်မ ၃၃ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝက်လက်မြို့နယ် အုန်းနှဲဘုတ်ရွာမှာ အချိန် ၅နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက အကြိမ် ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ကြားက အထိနာသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာတော့ ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၂၃) တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊  တပ်ရင်း ၁၈ တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ ၊ တပ်ခွဲ(၃) ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ(၄) ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့နဲ့ ဒေါင်းစစ်သည်အဖွဲ့တို့ ပါဝင်ခဲ့ကြပါတယ်။

အထက်ပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုပေါင်းတိုက်ခိုက်မှုတွေကြောင့် ဝက်လက်မြို့နယ်မှာ မနေ့က တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။