MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။

လောက်ကိုင်ဒေသက စစ်ကောင်စီရဲ့ နန်တိန်းမင်တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တစ်နှစ်ပြည့်မြောက်ချိန်မှာ MNDAA က ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တာပါ။

ဒါဟာ ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရပြီးနောက် ၁၄ နှစ်ကြာမှ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ MNDAA က ထုတ်ပြန်ပါတယ်။

နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တာကြောင့် MNDAA က လောက်ကိုင်ဒေသတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ထောင်နဲ့ချီ လက်နက်ချသူတွေနဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို အဆင့်ဆင့်ပြန်လည် လွှဲပြောင်းပေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

MNDAA ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေကို ဒေသန္တရအုပ်ချုပ်ရေး  ဖော်ဆောင်နေပြီး  အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်လည်ပတ်နေပြီလို့လည်း သိရပါတယ်။

MNDAA က တရုတ်ရဲ့ ဖိအားတချို့ကြောင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့လည်း ကနဦး ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကိုးကန့်ဒေသတွင်းက စစ်ကောင်စီတပ်စခန်းပေါင်း ၂၂၀ ကျော်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပြီး လောက်ကိုင်မြို့အနီးမှာရှိတဲ့ ကုန်းကြမ်း၊ ချင်းရွှေဟော်မြို့တွေကိုလည်း ဆက်တိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် လားရှိုးမြို့နဲ့ ရှမ်းမြောက်ရဲ့ ၈၀ ရာခိုင်နှုန်းကို MNDAA နဲ့ TNLA တို့က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း၊ မကွေးဘက် ခရီးဆန့်နိုင်နေပြီဖြစ်သည့် တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မည့် အခြေအနေများ စီမံဆောင်ရွက်ရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အထိ ခရီးဆန့်နိုင်နေပြီဖြစ်တဲ့ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မယ့် အခြေအနေတွေ စီမံဆောင်ရွက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့က စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ က ရဲဘော်တွေကို လက်နက်တပ်ဆင်ပေး

မကွေးတိုင်းအခြေစိုက်တဲ့ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲအခမ်းအနား အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းကို စစ်ကောင်စီ တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၄ ဦးနှင့် ကလေးငယ်များအပါ ၆ ဦး သေဆုံးပြီး  ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။