ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတဲ့ အနန်ကွင်းဗျူဟာစခန်းကို စစ်ကောင်စီက စစ်ကူအင်အားဖြည့်တင်းစဉ် တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)၊ ခလရ(၂) ဗျူဟာမှူးဦးစီး အင်အား ၁၅၀ ကျော် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ၃၄ ယောက်သေဆုံးပြီး ၅၀ ကျော် စစ်ကောင်စီဘက်က ဒဏ်ရာရရှိသွားကြောင်း၊ လက်နက်ငယ် ၁၅ လက် သိမ်းဆည်းရရှိကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရတယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အနန်းကွင်းဗျူဟာစခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ကာ KNLA တပ်ဖွဲ့တွေ၊ နဂါးနီစစ်ကြောင်း(RDC)နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တို့က လက်ရှိအချိန်အထိ ပိတ်ဆို့တိုက်ခိုက်လျက်ရှိနေပါတယ်။

စစ်ကောင်စီဘက်ကလည်း အနန်းကွင်းဗျူဟာကုန်း မကျစေဖို့အတွက် လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

၃ လခွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ဦး သေဆုံးခဲ့ဟု AAPP ဆို

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရေဖြူမြို့နယ် တပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။